(30)

2.8K 380 31
                                    

Unicode

အနီလုံးနဲ့စွင်းယန်တို့နှစ်ဦးဟာ အချိန်အတော်ကြာလိုက်တမ်းပြေးတမ်းကစားခဲ့ပြီး ရဲ့ချင်ကိုပတ်လည်ဝိုင်းနေကြသည်။ နောက်ဆုံး ရဲ့ချင်၏လက်နှစ်ဖက်က အနီလုံး၏လုံးလုံးဝိုင်းဝိုင်းကိုယ်ထည်ကို ဆွဲယူလိုက်တော့မှ အဆုံးမရှိသည့် ကို့ယို့ကားယားရန်ပွဲကြီးကအဆုံးသတ်သွား၏။

အနီလုံးက ရဲ့ချင်၏လက်ဖဝါးထဲမှာပင် သက်တောင့်သက်သာရှိသလိုမျိုး သူ့ခန္ဓာကိုယ်ကိုလှုပ်ခါလာသည်။ အကယ်၍ သူ့မှာသာမျက်လုံးနှစ်လုံးရှိရင် စွင်းယန်ကိုစိန်ခေါ်သည့်အကြည့်ဖြင့် ငေါ့တော့တော့ကြည့်နေကြောင်းတွေ့ရပေလိမ့်မည်။ စွင်းယန်ကလည်း ဒါကိုခံစားမိ၍ထင်၏။ အံကိုတင်းတင်းကြိတ်ရင်း ရဲ့ချင်လက်ထဲက ဒီအမည်မသိအနီလုံးကို အစိတ်စိတ်အမွှာမွှာ အပိုင်းပိုင်းစုတ်ဖြဲချင်နေသလိုမျိုးအကြည့်မျိုးဖြင့် စိုက်ကြည့်လာသည်။

ရဲ့ချင်ဟာ လူတစ်ယောက်နဲ့အလုံးတစ်လုံး ကြားထဲက ရန်လိုမှုနဲ့ပြိုင်ဆိုင်မှုကို လျစ်လျူရှု့၍ အနီလုံး၏ခေါင်းထိပ်ကိုပုတ်ကာမေးလိုက်သည်။

"မင်း ဒီနေရာရဲ့ထွက်ပေါက်ကိုသိတယ်မဟုတ်လား"

အနီလုံးက ရဲ့ချင်၏မေးခွန်းအပေါ်ဂုဏ်ယူစွာ သူသိကြောင်းသူ့ခန္ဓာကိုယ်ကို အပေါ်အောက်ပင့်မြှောက်၍ပြန်ဖြေကာတုံ့ပြန်၏။

"ငါတို့ကို ကူညီနိုင်မလား"

အနီလုံးက သူ့ခန္ဓာကိုယ်ကိုအပေါ်အောက်ထပ်မံလှုပ်ခါရင်းခေါင်းငြှိမ့်ပြသည့်သဏ္ဍာန်တုံ့ပြန်သည်။ အနီလုံးကရဲ့ချင်လက်ကနေ တွန့်ဆုတ်စွာ ထွက်ခွာလာပြီး သူ့နောက်လိုက်ခဲ့ဖို့ရန်ဟန်အမူအရာပြသည်။ စွင်းယန်က ဒီအနီလုံးကို မကြည်ပေမယ့် ရဲ့ချင်ကိုငဲ့ကြည့်ပြီးနောက် ဘာမှမဆိုလာခဲ့ပေ။ အနီလုံးက သူတို့နှစ်ယောက်ကိုနီရဲပြီးပွက်ပွက်ဆူနေတဲ့ရေကန်နားခေါ်လာသည်။ သူကရေကန်အပေါ်တွင်ပျဲဝဲ၍ လုံးဝိုင်းနေသည့်ခန္ဓာကိုယ်ကိုလှုပ်ခါပြနေ၏။

စွင်းယန်က အနီလုံး၏လုပ်ပုံကိုနားမလည်နိုင်ဖြစ်သွားပြီး ဒေါသတကြီး လေသံမာမာဖြင့်ပြောလိုက်သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now