(19)'မွေးစားအဖေ'

3.6K 534 56
                                    

Unicode

"သူ့မျက်နှာလေးကိုကြည့်ပြီး အလှည့်စားမခံရစေနဲ့....သူနဲ့ပတ်သပ်မိသူတိုင်း တစ်ခုမဟုတ်တစ်ခု ဖြစ်တယ်"

"ဆိုးဝါးလိုက်တာ....ဘယ်လိုတောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ"

"ဟား...ဟား....အပျက်ကောင်"

"မင်းမှာဒီမျက်နှာလှလှလေးရှိနေမှတော့ ဘာကြောင့်ငါတို့ကို မဖျော်ဖြေရမှာလဲ"

"ကောင်လေး.... ငါမင်းကိုပြည့်တန်ဆာတစ်ယောက်ရဲ့ခံစားချက်တွေပေးနိုင်တယ်"

"လှလိုက်တာ....လှလိုက်တာ....ဘယ်လိုတောင်လှရက်နိုင်လွန်းရတာလဲ...."

"ငါက ဒီလိုပြစ်မျိုးမှဲ့မထင်လှပမှု ဆိုတဲ့အရာကိုဖျက်ဆီးရတာကိုလည်းကြိုက်တယ်"

"fuck!! သူ့မှာမျက်နှာလှလှလေးရှိတာကလွဲရင် ဘာအသုံးဝင်တာရှိလို့လဲ"

"ခွေးကောင်.... နင်က အစတည်းက မမွေးဖွားလာသင့်တာ"

"သေစမ်း!! သေစမ်း!! သေစမ်း!!"

"ငရဲသွားလိုက်တော့!!! မိန်းမပျက်လိုကောင်"

"လီးလိုပဲ!! မင်းက ဒီလောင်ဇီရဲ့ အစာကိုလုရဲတယ်လား"

"သေလိုက်တော့!!........."

"မင်းမွေးလာတာကိုက အမှားပဲ"

"နင့်ကြောင့် ငါ့သမီးလေးသေရတာ....နင်ဘာကြောင့်သွားမသေလိုက်တာလဲ"

"မင်းကြောင့်....."

"မင်းကြောင့်....."

"မင်းကြောင့်....."

မဆုံးနိုင်တဲ့ အသံတွေနဲ့မရေမတွက်နိုင်တဲ့လက်ညှိုးတွေက ရောနှောသွားသည်။ မှောင်မဲကျဥ်းမြောင်းသည့်လမ်းကြားတစ်နေရာတွင် စုတ်စုတ်ပြတ်ပြတ်ဝတ်ထားသည့် ကလေးတစ်အုပ်ဟာ သေးငယ်ပိန်ပါးသည့်ခန္ဓာကိုယ်နှင့် ကလေးငယ်တစ်ယောက်ကို အသေအလဲ ရိုက်နှက်ကန်ကျောက်နေ၏။

အရိုက်ခံနေရသည့်ကလေးငယ်ဟာ သူ့ခန္ဓာကိုယ်လေးကို ပုစွန်ထုတ်လေးလို တတ်နိုင်သလောက်ကွေးထားပြီး သူ့ရင်ဘတ်ထဲက ခြောက်ကပ်နေသည့်ပေါင်မုန့်လေးကိုကာကွယ်ထားသည်။ ကျေနပ်အောင် ကန်ကျောက်သွားပြီးနောက်တွင် ကလေးအုပ်စုထဲက ခေါင်းဆောင်ဖြစ်ဟန်ရတဲ့ ကလေးတစ်ယောက်က တံတွေးတစ်ချက်ထွေးချလိုက်ပြီး နောက်ဆုံးပိတ်တစ်ချက် အားနဲ့ကန်ချလိုက်သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now