(47)

1.7K 281 6
                                    

Unicode

အထပ်ရာချီမြင့်မားသည့် ဆောက်လက်စအဆောက်အဦးပေါ်ကနေ ပုံရိပ်နှစ်ခုမှာအရှိန်ပြင်းပြင်းဖြင့်ပြုတ်ကျလာသည်။

"ရဲ့ချင်!!"

လေတိုးသံတွေကြားထဲတွင် လွီမုချီ၏စိုးရိမ်တကြီးအော်သံက ရဲ့ချင်ငယ်လေး၏နားထဲတိုးဝင်နိုင်ခြင်းလုံးဝ မရှိခဲ့ချေ။

ငါက ဘယ်သူလဲ။ ငါ့နာမည်က ဘာလဲ။ လူတိုင်းက ငါ့ကိုမုန်းကြတယ်။ ရွံရှာကြတယ်။ စက်ဆုပ်ကြတယ်။ ဘာကြောင့်ငါဒီလောကကြီးထဲမှာဆက်ရှိနေအုံးမှာလဲ။ ငါက အစတည်းက မွေးဖွားမလာခဲ့သင့်တာ။

တောက်ပသည့်ဝိဥာဥ်မှာ တဖြည်းဖြည်းမှိန်ဖျော့လာပြီး ကိုယ့်ကိုယ်ကိုအရှုံးပေးလိုက်သည့်ပုံပင်။ သို့ပေမယ့်ထိုအချိန်တွင် ဖျော့တော့သည့်အလင်းရောင်လေးတစ်ခုက ပေါ်ပေါက်လာပြီး အမှောင်ထဲနစ်မြုပ်နေသည့်သူ့လက်ကို လာရောက်ဆွဲကိုင်သည်။

မူလရဲ့ချင်၏ လှပသည့်မျက်နှာလေးက နူးညံ့မှုအပြည့်ဖြင့်တောက်ပနေပြီး လက်ချောင်းတွေကိုယှက်ဖြာလိုက်သည်။

"ငတုံးလေး....မင်းကိုချစ်တဲ့သူတွေ အများကြီးရှိပါတယ်"

တောက်ပသည့်အလင်းရောင်နဲ့အတူ သူ့မျက်လုံးထဲတွင် ရဲ့ဖုန်းလီ၊ ယုချီချီနဲ့ ရဲ့လင်းဝူ၏ပြုံးနေသောမျက်နှာတွေပေါ်ပေါက်လာသည်။ ပြီးတော့ ကတ်ချ်၊ ကုရှီးမင်၊ ထင်းယီ၊ ဖုန်းမင်၊ နန်ရှောင်မေ၊ စွင်းယန်အပါအဝင် အခန်း၂ တစ်တန်းလုံး၏ ပြုံးရွှင်နေသည့်မျက်နှာအမျိုးမျိုးက အထီးကျန်နေသည့်သိဥာဥ်ငယ်လေးကို ပြန်လည်အားဖြည့်ပေးလိုက်သလိုမျိုးပင်။

"ရဲ့ချင်!!!!"

လွီမုချီ၏ အက်ရှနေသည့်အော်ခေါ်သံကျယ်ကြီးနဲ့အတူ မှေးမှိတ်ထားသည့်ကလေးငယ်၏မျက်လုံးတွေမှာ ဖြတ်ကနဲပွင့်ဟသွားသည်။ အမြဲတမ်းနက်မှောင်နေသည့်မျက်ဆံနက်တွေက ငွေရောင်အလင်းတစ်ချက်တောက်ပသွားရင်း လေဟာနယ်ကအနည်းငယ်တွန့်လိမ့်လာသည်။ ဤသို့ဖြင့်လွီမုချီ၏ မျက်လုံးတွေအောက်တွင် ကလေးငယ်၏သွေးကွေးလှသောခန္ဓာကိုယ်လေးမှာ လေဟာနယ်၏ဝါးမျိုခြင်းကိုခံလိုက်ရပြီးပျောက်ကွယ်သွားသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now