(15)'ကတ်ချ်'

3.5K 513 47
                                    

Unicode

မုဒ်ဝကြီးမှာ ဆင့်ခေါ်သူကိုးယောက်၏ပြိုင်တူဆင့်ခေါ်မှုကြောင့် ကြီးမားစွာပေါင်းစည်းသွားသည်။ အရင်ဦးစွာ မုဒ်ဝ အတွင်းမှထွက်ပေါ်လာသည်မှာ ခေါင်းနှစ်လုံးနှင့်ခြင်္သေ့ တစ်ကောင်ဖြစ်သည်။ ပြီးနောက် ကြီးမားသည့်အနီရောင်မြွေ၊ အနက်ရောင်ပင့်ကူ ၊ဗလတောင့်တောင့် ယုန်အပြင် တစ်ခြား ရဲ့ချင်အမျိုးအစားမသိသည့် ဆင့်ခေါ်သားရဲ တွေလည်းထွက်ပေါ်လာသည်။

ရဲ့ချင် : "....."

ဆင့်ခေါ်သားရဲတိုင်းရဲ့ ပုံပန်းသဏ္ဍာန်က အမြဲတမ်းဒီလိုပဲထူးဆန်းတာလား။ ဆင့်ခေါ်ပညာရပ်နှင့်ပတ်သပ်၍ စာသင်နှစ် ရက်အနည်းငယ်သာရှိသေးသည့် ရဲ့ချင်အနေနဲ့ ဒီလိုထူးထူးဆန်းဆန်းသတ္တဝါဆန်းပုံစံတွေကို သိပ်ပြီးမရင်းနှီးပေ။ဟိုတစ်ခေါက်လမ်းကြားထဲမှာလည်း ယခုလိုထူးထူးဆန်းဆန်း ဆင့်ခေါ်သားရဲတွေကိုမြင်တွေ့ဖူးသည်။

လူထွားကြီးကိုးယောက် ဆင့်ခေါ်လိုက်သည်မှာ သူတို့ရဲ့ကိုယ်ပိုင် စာချုပ်သားရဲတွေဖြစ်ကြသည်။ ဒါကြောင့် တစ်ခြား ကြုံရာကျပန်း ဆင့်ခေါ်သားရဲတွေလို ထိန်းချုပ်ရန် သိပ်ပြီးအားစိုက်ထုတ်စရာမလိုအပ်ပေ။

ရဲ့ချင် ရဲ့မျက်ဝန်းလှလှလေးတွေမှာ အနှီးဆင့်ခေါ်သားရဲကိုးကောင်ကို စူးစမ်းလေ့လာနေရင်း သူ့နဖူးအလည်တည့်တည့်တွင် ထူးဆန်းသော သင်္ကေတ တစ်ခုပေါ်ပေါက်လာသည်။ ပြီးနောက် သိပ်သည်းသည့် အနက်ရောင် အခိုးအငွေ့တွေမှာ ရဲ့ချင်၏ ခန္ဓာကိုယ်ထဲမှ အပြင်ဘက်သို့ထွက်ပေါ်လာပြီး သူ့ဘေးတွင် လူတစ်ယောက်၏ပုံပန်းသဏ္ဍာန်ဖြစ်တည်လာ၏။

အနက်ရောင်အငွေ့တွေရှင်းလင်းသွားသည့်အခါတွင် လူတိုင်းကိုမှင်သပ် ငေးမောသွားစေနိုင်သည့် မျက်နှာနှင့် အရပ်မြင့်မြင့်လူတစ်ယောက်ပေါ်ပေါက်၍လာသည်။ ထိုသူ့တွင် မြစိမ်းရောင်ဖြင့် မျက်ဝန်းနှင့် ကြမ်းပြင်ထိတိုင်ရှည်လျားတဲ့အနက်ရောင်ဆံနွယ်ရှည်တွေရှိသည်။ သူက တရုတ်ရိုးရာဝတ်စုံကဲ့သို့ ဝတ်ရုံရှည်ကြီးတစ်ခုကိုဝတ်ဆင်ထားပြီး ရဲ့ချင်ကိုပြုံးပြုံးလေးစိုက်ကြည့် သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now