(41)

2.5K 340 24
                                    

Unicode

ဆင့်ခေါ်သူကျောင်းသားတစ်ယောက်၏ပုံမှန်နေ့ရက်တွေက တဖန်ပြန်လည် လည်ပတ်လာသည်။ ရဲ့ချင်၏ပုံမှန်နေ့ရက်တွေသာအနည်းငယ်ပြောင်းလဲသွားခဲ့ပြီး ဒါကလည်း ရဲ့လင်းဝူကြောင့်ဖြစ်သည်။ ရဲ့လင်းဝူက အစတည်းက ပဥ္စမနှစ်ကျောင်းသားဖြစ်တာကြောင့် တမင်သတ်သတ်အတန်းငယ်ပြီးရဲ့ချင်နဲ့ အတူတတ်လို့မရပေ။ ကျောင်းသူတစ်ချို့၏အကြိုက်က ရဲ့လင်းဝူလိုအတန်းကြီးစီနီယာမျိုးဖြစ်နေတတ်သည်။

တစ်နေ့တစ်နေ့ ရဲ့ချင်မှာမရေတွက်နိုင်သည့်ရည်းစားစာတွေကိုလက်ခံရရှိခဲ့သည်။ သူ့အတွက်တော့မဟုတ်။ ရဲ့လင်းဝူကိုတဆင့်ပြန်ပေးဖို့ တောင်းတောင်းပန်ပန်တောင်းဆို လာခဲ့ကြခြင်းပင်။ ရဲ့ချင်နှုတ်ခမ်းထောင့်တွေတောင်တွန့်ချင်ချင်ဖြစ်သွားသည်။

ဖုန်းမင်တို့အုပ်စုက ရဲ့ချင်အဖြစ်အပျက်ကိုကြည့်ပြီး အူလှိုက်သဲလှိုက်ရယ်မောကြသည်။ ထင်းယီက ရဲ့ချင်ပုခုံးကိုပုတ်ရင်း နားလည်သည့်မျက်လုံးတွေဖြင့်ကြည့်လာ၏။ အမှန်တကယ်တွင် ထင်းယီနဲ့လွီမုချီတို့နှစ်ယောက်ကလည်း များစွာသောရည်းစားစာတွေ လက်ခံရရှိနေကျဖြစ်သည်။ ရည်စားစာပေးခြင်းက အတော်လေးခေတ်နောက်ကျနေသော်လည်း မိန်းကလေးတော်တော်များများက ဒီနည်းလမ်းဖြင့်သူမတို့အချစ်ကိုဖော်ပြရတာနှစ်သက်နေတုန်းပင်။

ကုရှီးမင်ကိုနှစ်သက်သည့်ကျောင်းသူတွေအများကြီးရှိနေသော်လည်းပဲ ဆရာတစ်ယောက်ဖြစ်နေတာကြောင့် ထင်းယီနဲ့လွီမုချီလောက် ရည်းစားစာများများစားစားရရှိခြင်းတော့မရှိချေ။ ဒါတောင် ဆရာတစ်ယောက်၏အရှိန်အဝါကိုကြိုးစားလျစ်လျူရှု့ရင်း ရည်းစားစာခိုးပေးလာသည့်ကျောင်းသူတွေကတော့ တော်တော်များများရှိနေဆဲပင်။

ရဲ့ချင်ဟာ သူ့မျက်နှာကိုဆက်လက်ဖုံးကွယ်ထားမိတာက အရမ်းကောင်းမွန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းခံစားမိလိုက်သည်။ မဟုတ်ရင် သူလည်းလူချောတွေ၏ ရှင်းရခက်သည့်ပြဿနာကို ကိုယ်တွေ့ရင်ဆိုင်ရမှာသေချာသည်။

ပဉ်စမနှဈစာသငျဆောငျထိ တကူးတကသွားကာ ရဲ့လင်းဝူလက်ထဲ တောင်လိုပုံနေသည့်ရည်းစားစာအထပ်လိုက်ကြီးကိုထည့်ပေးပြီးတာနဲ့ ကြောင်တောင်တောင်အမူအရာဖြင့် ရဲ့လင်းဝူကိုလျစ်လျူရှု့၍ ချက်ချင်းလှည့်ထွက်လာခဲ့သည်။ ပထမနှစ်ကျောင်းဆောင်ကို ပြန်ရောက်သည့်အခါမှ လွတ်ကင်းသွားသည့်ဒုက္ခကိုတွေးမိပြီး မသိမသာသက်ပြင်းချမိလိုက်သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now