(50)

1.6K 254 9
                                    

Unicode

"အား....ပင်လယ်လေကအလတ်ဆတ်ဆုံးပဲ"

ကျောင်းသားတွေအကုန်လုံးနီးပါး သူတို့လက်နှစ်ဖက်ကိုဆန့်တန်းရင်းလတ်ဆတ်သည့် ပင်လယ်လေကို ခံစားလိုက်ကြသည်။ ကုရှီးမင်ဘယ်လိုစီစဥ်ခဲ့လဲမသိပေမယ့် ခရီးစဥ်ရက်တွင်ကျောင်းအုပ်ကရှားရှားပါးပါးပိတ်ရက်ပေးခဲ့သည်။ ပြောတာတော့ စာမေးပွဲအပြီး ကျောင်းသားတွေ အနားယူနိုင်ရန် တမင်ပိတ်ပေးတာလို့ ကြားပေမယ့် စာမေးပွဲပြီးတာရက်တစ်ချို့ကြာလို့အမှတ်စာရင်းတွေတောင် ထွက်ပြီးကာမှ ရုတ်တရတ်ကြီးကျောင်းပိတ်ရက်ပေးလာသည့်ကိစ္စမှာ ကျောင်းသားတွေကိုအနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားစေသည်။

ဘယ်လိုပဲဖြစ်ဖြစ် အခန်း၂ က ကျောင်းသားတွေအတွက် ရုတ်တရတ်ကျောင်းပိတ်ရက်ကြီးက ကမ်းခြေခရီးစဥ်အတွက် အခွင့်အရေးကြီးတစ်ရပ်ပေးအပ်လိုက်သလိုပင်။

ကုရှီးမင်က ကျောင်းသားတွေအတွက် bus ကားကြီးတစ်စီးစီစဥ်ပေးခဲ့ပြီး ကားမောင်းသမားတစ်ယောက်တောင်ပါလာသေးသည်။ လမ်းတစ်လျောက်လုံး ကားထဲမှာပျော်မြူးခဲ့ကြပြီးနောက် အခုဆို ကြည်လင်သည့်ပြာလဲ့လဲ့ပင်လယ်ပြင်ကြီးက သူတို့အရှေ့တွင်ဆီးကြိုနေခဲ့လေသည်။

သပ်သပ်ရပ်ရပ်ယူနီဖောင်းတွေဖြင့် ဝန်ထမ်းတွေဟာ ကျောင်းသားတွေလက်ထဲက အထုတ်အပိုးတွေကို လာရောက်သယ်ဆောင်ပေးခဲ့ကြသည်။ မန်နေဂျာကိုယ်တိုင်ပင် ရိုရိုကျိုးကျိုးအမူအရာဖြင့်ရောက်လာပြီး ကုရှီးမင်နဲ့စကားပြောနေသည်ကို ကျောင်းသားတိုင်းလိုလိုမြင်လိုက်ရ၏။

ကြည့်ရတာ ဆရာကုရဲ့နောက်ခံကသာမန်မဟုတ်သည့်ပုံပင်။ ဒါပေမယ့်ဘယ်သူကဒါကိုဂရုစိုက်မှာလဲ။ ဆရာကုကဘယ်သူဖြစ်ဖြစ် သူတို့အတန်းပိုင်ဆရာအဖြစ်က ပြောင်းလဲသွားတာမှမဟုတ်တာ။

ကောင်းကင်က တိမ်ကင်းစင်ပြီး နေသာနေသည်။ သဲသောင်ပြင်ထက်တွင် အရောင်အမျိုးမျိုးဖြင့် ရေကူးဝတ်စုံဝတ်ဆင်ထားကြသည့်ယောက်ျားမိန်းမတွေကို နေရာမရွေးမြင်တွေ့နိုင်သည်။ ဒူးပေါ်ရေကူးဘောင်းဘီကိုယ်စီဝတ်ဆင်ထားကြသည့် ကျောင်းသားအုပ်စုဟာ ဘစ်ဂနီရောင်စုံဖြင့် နိုင်ငံခြားကခြေတံရှည်ရှည်အလှလေးတွေကိုငမ်းကြောထနေကြ၏။ ကျောင်းသူတွေက သူမတို့တင်၊ရင်အလှကိုဖော်ကြူးရင်း အနည်းငယ်ကြွားဝါချင်နေကြသည့်ပုံပေါ်သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now