(45)

1.9K 303 11
                                    

Unicode

မတိုင်မီကပင် အရုပ်လေး တစ်ခု၊နှစ်ခုလောက်ဝယ်တာ ကိစ္စမရှိပါဘူးဟု တွေးထင်ခဲ့သည့်လွီမုချီဟာ အခုချိန်တွင် လက်ထဲ၌ အထုတ်အပိုးတွေအပြည့်ဖြင့် လူတစ်ရပ်စာအရွယ်အစားရှိသည့် အပြာရောင်အမွှေးပွ ဝက်ဝံရုပ်ကြီးကိုကျောတွင်တင်ထားရင်း လမ်းလျှောက်နေရရှာသည်။

လွီမုချီ : "....."

သူ့ဘေးတွင် ငြိမ်သက်နေသည့်အမူအရာဖြင့် ကလေးငယ်လေးရဲ့ချင်ဟာ လက်ထဲ၌အညိုရောင်ဝက်ဝံရုပ်သေးသေးလေးတစ်ခုကိုပိုက်ထားပြီး သူ့မျက်ဝန်းနက်လေးတွေမှာ ပုံမှန်ထက်တောင်ပိုပြီးတောက်ပလင်းလက်နေသေးသည်။ သူက အသစ်စက်စက်ရရှိလာသည့်အရုပ်တွေကို အရမ်းနှစ်သက်သဘောကျကြောင်းသိသာလွန်းသည်။

လမ်းသွားလမ်းလာတိုင်းလိုလို ရဲ့ချင်နဲ့လွီမုချီတို့နှစ်ယောက်ကို ထပ်ကာထပ်ကာလှည့်မကြည့်ပဲမနေနိုင်ခဲ့ကြပါချေ။ ဘာကြောင့်ဆို လွီမုချီက အရမ်းကြည့်ကောင်းလွန်းသည့် ဆယ်ကျော်သက်တစ်ဦးဖြစ်ကာ ကလေးငယ်လေး ရဲ့ချင်ကတော့ပြောစရာမလိုအောင်လှပလွန်းသည်။ ငယ်သေးပေမယ့် ဒီလှရက်နိုင်လွန်းတဲ့မျက်နှာသေးသေးလေးကို ဘယ်ပုထုဇဥ်လူသားကများ တောင့်ခံနိုင်မှာတဲ့လဲ။

နောက်ဆုံးတွင် ပန်းခြံဘေးက ခုံတန်းရှည်တစ်ခုပေါ်တွင် ဝက်ဝံရုပ်ကြီးကိုတင်ပြီး ရဲ့ချင်ငယ်လေးကိုဝက်ဝံရုပ်ပေါ် တစ်ဆင့်ထပ်တင်ကာထိုင်စေလိုက်သည်။ သို့ပေမယ့် ရဲ့ချင်ငယ်လေးက တစ်နေရာကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြောင်းတွေ့လိုက်ရ၏။ ဦးတည်ရာကိုကြည့်လိုက်တော့ cotton candy (အာတာပူစီ) ရောင်းသည့်ဆိုင်တန်းသေးသေးလေးတစ်ခုကိုတွေ့လိုက်ရသည်။

ကလေးတော်တော်များများ၏လက်ထဲတွင် ပုံစံအမျိုးမျိုးဖြင့် cotton candy (အာတာပူစီ)တွေရှိနေ၏။ ကလေးငယ်၏အကြည့်က ဆိုင်ရှင်လက်ထဲက အပြာရောင်နဲ့အဝါရောင်စပ်ထားသည့် cotton candy (အာတာပူစီ) ကနေ အကြည့်မခွာခဲ့ပေ။

လွီမုချီ : "....."

မိနစ်အနည်းငယ်ကြာပြီးနောက်.....
ရဲ့ချင်ငယ်လေးဟာ သူ့လက်ထဲတွင်ကြီးမားသည့်ပန်းရောင် cotton candy (အာတာပူစီ) ကြီးကိုကိုင်ထားရင်း သူ့မျက်လုံးတွေက လူတိုင်းကိုမျက်စိကန်းစေလုမတတ်တောက်ပ လင်းလက်နေ၏။ cotton candy (အာတာပူစီ) ၏ ပါးစပ်ထဲမှာတင်အရည်ပျော်သွားသည့်အရသာကို အတော်လေးသဘောကျနေသည့်ပုံရသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now