(12)'barထဲကရန်ပွဲ'

3.4K 484 33
                                    

Unicode

နန်ရှောင်မေကသူတို့ကိုbarတစ်ခုသို့ခေါ်သွားသည်။၎င်းမှာရှီးလင်မြို့အတွင်း၌နာမည်ကြီးbarတွေထဲကတစ်ခုဖြစ်ပြီးသာမန်လူတန်းစားတွေမဝင်ရောက်နိုင်ပေ။barနာမည်မှာ'နှင်းဆီ'ဖြစ်သည်။

"ဟေ့....နန်ကော....မင်းဟာကဝင်လို့ရောရပါ့မလား....ငါတို့တစ်ယောက်မှအသက်ပြည့်သေးတာမဟုတ်ဘူးနော်...."

သူတို့ငါးယောက်လုံးဟာပထမနှစ်ဆင့်ခေါ်သူတွေဖြစ်တာနဲ့အညီအသက်၁၆နှစ်သာရှိကြသေးသည်။barဆိုသည့်နေရာမှာအထူးသဖြင့်အသက်ပြည့်ပြီးသားလူကြီးတွေသာဝင်ခွင့်ပြုကြသည်။သူတို့လိုဆယ်ကျော်သက်လူငယ်အရွယ်လေးတွေဆိုရင်တရားဝင် ဝင်ခွင့်ပိတ်ပင်ထားတတ်ကြ၏။ဒါကဆင့်ခေါ်သူတစ်ယောက်ဖြစ်နေရင်တောင်ဘာမှမထူးချေ။

"ငါ့ကိုယုံစမ်းပါ....မင်းတို့ကိုအလကားသက်သက်ဘာမှမလုပ်ပဲလှည့်မပြန်စေရဘူးလို့ ငါအာမခံတယ်...."

နန်ရှောင်မေကသူမရဲ့ဆံပင်တိုတွေကိုသပ်တင်လိုက်ရင်းခပ်မိုက်မိုက်သဏ္ဍာန်ဖြင့်ပြောသည်။သူမကတကယ့်ကိုယောက်ျားလေးတစ်ယောက်နှင့်တူသည်။

သူမကရဲ့ချင်တို့လေးယောက်ကိုနှင်းဆီbar၏အနောက်တံခါးသို့တည့်တည့်မတ်မတ်ခေါ်လာသည်။အနားသို့ရောက်သည်နှင့်တံခါးနားကအစောင့်လူထွားကြီးကိုရွှေရောင်ကဒ်တစ်ကဒ်ပေါ့ပေါ့ပါးပါးလှမ်းပေးလိုက်သည်။လူထွားကြီး၏မျက်နှာမှာချက်ချင်းဆိုသလိုရိုသေလေးစားသည့်ဟန်ဖြင့်နန်ရှောင်မေ အားအနှီးရွှေရောင်ကဒ်ကိုပြန်ပေး၍တံခါးကိုကိုယ်တိုင်ကိုယ်ကျဖွင့်ပေးသည်။

barထဲတွင်မီးရောင်စုံတွေဖြင့်ဆူညံပွက်လောရိုက်နေသည်။သူတို့တွေဘားထဲရောက်လာတာနဲ့မိန်းကလေးတိုင်း၏အာရုံမှာလွီမုချီနှင့်ထင်းယီတို့ဆီစိုက်စိုက်မြိုက်မြိုက်ကျရောက်သွားကြသည်။အချောအလှပေါင်းစုံစုဝေးနေသည့်ဒီလိုနေရာမျိုးမှာတောင်သူတို့နှစ်ဦး၏ချောမောခန့်ထည်မှုမှာထင်ရှားလွန်းနေလေသည်။

ဘားကောင်တာရှေ့တစ်နေရာတွင်သူတို့အုပ်စုဝင်ထိုင်လိုက်ကြသည်။လွီမုချီကမိန်းကလေးများစွာ၏အသားတုံးလေးတစ်တုံးလိုအကြည့်ခံနေရသည်အားခံစားမိ၍စိတ်အနှောင့်အယှက်ဖြစ်စွာမျက်မှောင်ကြုပ်ရင်းပြောသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now