(39)

2.7K 344 27
                                    

Unicode

အဆင့်၄ မှော်သားရဲက မြေပြင်ထက်တွင်ရဲ့ချင်၏ဖိချခြင်းကိုခံလိုက်ရသည်။ သူ့ခေါင်းကသေးသေးလေးတောင်လှုပ်လို့မရတော့တာကို သတိထားမိလိုက်တာကြောင့် ဆန့်ထုတ်ထားသည့် လက်တစ်ဖက်တွင် ကျောက်တုံးအစအနတွေလာကပ်စေပြီး ကျောက်တုံးလက်ကြီးတစ်ခုအသွင်ပြောင်း၍ သူ့ကျောပေါ်က ရဲ့ချင်ကိုလွှဲရိုက်လိုက်၏။

သို့သော်လည်းရဲ့ချင်က ကျောက်တုံးလက်ကြီးကိုသူ့လက်ချောင်းသွယ်သွယ်ဖြင့်အသာအယာဆုပ်ကိုင်လိုက်သည်။

ဂျွတ်!!

ကျောက်တုံးလက်ကြီးက တစ်စစီကွဲကြေသွားပြီး အရိုးကျိုးသံခပ်ဝါးဝါးထွက်ပေါ်လာခဲ့သည်။ အခုတော့ အဆင့်၄ မှော်သားရဲက လှုပ်မရတော့သည့်အပြင် အဆစ်အနေနဲ့ သူ့လက်တစ်ဖက်ပါအရိုးကျိုးသွားခဲ့ရရှာသည်။ အဆင့်၄ သားရဲက သူ့ဂုဏ်သိက္ခာတွေအားလုံးရေစုန်မြောသွားသလိုခံစားလိုက်ရသည်။

ထူးဆန်းသည့် ခပ်စူးစူးအသံနဲ့အတူ ရဲ့ချင်ဖိချထားသည့် လူသားခန္ဓာကိုယ်မှာ တဖြည်းဖြည်းကြီးမားလာပြီး ကြီးမားသည့်မြွေကြီးတစ်ကောင်အသွင်ပြောင်းလဲသွားသည်။ မြွေ၏အရောင်မှာ ကျောက်တုံးအရောင်နှင့်ဆင်တူပြီး သူ့ခန္ဓာကိုယ်ပေါ်က ရဲ့ချင်ကိုခါချလာသည်။ မြွေတွန်သံတစ်ရွှီရွှီက လူတစ်ယောက်ကိုမိန်းမောတွေဝေသွားစေနိုင်သည့် အသံတစ်ခုဖြစ်နေသော်လည်းပဲ ရဲ့ချင်၏အမူအရာမှာမပြောင်းလဲပေ။

မြွေကြီး၏ရုန်းကန်လှုပ်ရှားမှုနဲ့အတူ လေထုပတ်ပတ်လည်တုန်ခါလာပြီး ကျောက်တုံးကြီးတွေတစ်ခုပြီးတစ်ခုထွက်ပေါ်လာ၏။ စွမ်းအားဖြင့်ဖန်တီးထားသည့်လူတစ်ယောက်၏ခေါင်းအရွယ်အစားရှိတဲ့ကျောက်တုံးပေါင်းများစွာဟာ ရဲ့ချင်ရှိရာဆီသို့ပြေးဝင်လာကြသည်။ ကြည့်ရတာ မြွေကြီးက သူ့ကျောပေါ်မှာရှိတဲ့လူကိုမရမက ဖယ်ချပြစ်ချင်နေသည့်ပုံရသည်။

သို့သော်လည်း ရဲ့ချင်နဲ့နီးကပ်လာသည့်ကျောက်တုံးတိုင်း တစ်ဖြည်းဖြည်းပါးပါးလာပြီး အနားရောက်တာနဲ့အမှုန်အဖြစ်ပျောက်ကွယ်သွားသည်။

အဆင့်၄ သားရဲ : "....."

စိုးရိမ်တကြီးလှမ်းကြည့်နေကြသည့်ဆရာအုပ်စု : "....."

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now