(23)'အပြာရောင်-ခွေး'

3.1K 506 55
                                    

Unicode

သစ်တောကအဆုံးမရှိကျယ်ပြန့်သည်။ သစ်ပင်တစ်ပင်ချင်းဆီတိုင်းက မိုးထိမတတ်မြင့်မားနေတာကြောင့် နေရောင်တောင်ပျောက်လုမတတ်ပင်။

ကံကောင်းတာတစ်ခုက သူတို့အခုထိ မည်သည့်မှော်သားရဲနှင့်မှ မတွေ့ရသေးပေ။ ဒါက အတော်လေးထူးဆန်းလွန်းသည်။ မှော်သားရဲတွေရဲ့ကိုယ်ပိုင်ကမ္ဘာမှာ သက်ရှိတစ်ကောင်တစ်မြှီးမှမရှိဘူးဆိုတာက လက်ခံနိုင်ဖို့ခဲယဥ်းလွန်းသည်အထိထူးဆန်းလွန်းလှ၏။ နေ့တစ်ဝက်လောက် လမ်းလျှောက်လာပြီးနောက်တွင် ရဲ့ချင် ရဲ့ နားရွက်ဖျားလေးမှာ လှုပ်ခတ်သွားပြီး သိမ်မွေ့သည့်ရေစီးဆင်းသံတစ်သံကိုကြားလိုက်ရသည်။

ရဲ့ချင် ခြေလှမ်းတွေမှာရပ်တန့်သွားတာကြောင့် စွင်းယန်က နားမလည်နိုင်စွာလှည့်ကြည့်သည်။

"ဘာဖြစ်လို့လဲ...."

"ရေသံ..."

"ဟမ်..."

"ဒီနားမှာရေရှိတယ်...."

သူတို့ဘယ်လောက်ထိ ကြာအောင်လျှောက်သွားရအုံးမည်ကို သေသေချာချာမသိပေ။ ထို့ကြောင့် ကြိုတင် ရေစုဆောင်းထားတာကပိုသင့်တော်သည်။ ရဲ့ချင်က ရေမဆာပေမယ့်လည်း စွင်းယန်ကိုငဲ့ညှာ၍ အကြံဥာဏ်ပေးခဲ့သည်။ စွင်းယန်ကိုယ်တိုင်ကလည်း ရဲ့ချင်လိုသာမန်လူတစ်ယောက်ဟာ အသက်ရှင်ဖို့ရန်အတွက် ရေဓာတ်လိုအပ်ကြောင်းတွေးမိတာကြောင့် ခေါင်းငြှိမ့်လက်ခံလိုက်သည်။

အမှန်တကယ်ပင် သူတို့နဲ့မနီးမဝေးနေရာတွင် ကြည်လင်သည့် စမ်းချောင်းတစ်ခုရှိသည်။ စမ်းချောင်းရေက လွန်စွာအေးမြပြီး အောက်ခြေကိုမြင်နိုင်သည်အထိကြည်စိမ်းနေတာကြောင့် မြင်တွေ့သူတိုင်းကိုရေဝင်ချိုးချင်စိတ်ပေါက်သွားစေနိုင်လေသည်။

ရဲ့ချင်သည် သူ့ခန္ဓာကိုယ်ငုံ့ကိုင်းလိုက်ပြီး သွယ်လျလျလက်ချောင်းတွေနှင့် စမ်းရေကိုထိတွေ့ကြည့်လိုက်သည်။ အအေးဓာတ်တစ်ခုကို သူ့လက်ချောင်းတွေကနေတစ်ဆင့်ခံစားရ၏။

"ရေက သန့်တယ်...."

စွင်းယန်က ရဲ့ချင်စကားကိုထောက်ခံစွာခေါင်းငြှိမ့်ပြလိုက်သည်။ ပြီးနောက် သူတို့ပြဿနာတစ်ခုကိုစဥ်းစားမိသွားသည်။ ဒီရေကိုဘာနဲ့သယ်သွားမှာလဲ။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now