(42)

2.2K 336 17
                                    

Unicode

တစ်ခုသောမနက်ခင်းတွင် ကတ်ချ်ဟာ မျက်နှာအနည်းငယ် ငယ်၍ အိပ်ပျော်နေဆဲဖြစ်သည့်ရဲ့ချင်ကို ခပ်ဖွဖွလှုပ်နှိုးလိုက်သည်။

"သခင်အသေးလေးကို ကျွန်တော်ခွင့်တောင်းစရာတစ်ခုရှိလို့"

ရဲ့ချင်ဟာအိပ်ချင်မူးတူးဖြစ်နေရာကနေ ကြောင်တောင်တောင်ထထိုင်ပြီး ကုတင်ဘေးတွင်ရပ်နေသည့် ကတ်ချ်ကိုမော့ကြည့်လိုက်သည်။

"ဘာကိုလဲ"

ရဲ့ချင်ဟာ သူ့မျက်လုံးတွေကိုပွတ်သပ်ရင်းမေးလိုက်သည်။ ကတ်ချ်ဟာ မနေနိုင်စွာရဲ့ချင်၏လက်ကောက်ဝတ်ကိုလှမ်းဆွဲ၍ မျက်လုံးတွေရဲသည်အထိ ပွတ်တိုက်နေသည်ကိုတားဆီးလိုက်မိသည်။ ပြီးမှအနည်းငယ်ရှက်ရွံ့သည့်မျက်နှာဖြင့်လက်ကောက်ဝတ်ကိုလွှတ်ပေးလိုက်ပြီး ရှင်းပြ၏။

"ကျွန်တော်စဥ်းစားနေတာကြာပြီ...."

ကတ်ချ်က သူ့လက်ဖဝါးကိုဖြန့်၍ လူးလွန့်နေသည့်ရွှေရောင်သွေးစက်ကိုပြသည်။

"ဒီသွေးစက်ရဲ့ရင်းမြစ်ကို ကျွန်တော်ရှာချင်နေခဲ့တာ....ဒီအတွက်ဆိုရင် ကျွန်တော်မှော်သားရဲလောကကို ခဏပဲဖြစ်ဖြစ်သွားရလိမ့်မယ်"

ရဲ့ချင်နဲ့စာချုပ်ချုပ်ဆိုပြီးကတည်းက ကတ်ချ်ဟာ ရဲ့ချင်အနားက လုံးဝမခွာခဲ့ဖူးပေ။ ထို့ကြောင့် တုံ့ဆိုင်းနေရခြင်းပင်။ ရဲ့ချင်ဟာ မျက်နှာသိပ်မကောင်းသည့်ကတ်ချ်ကို စိုက်ကြည့်ရင်း ခေါင်းငြှိမ့်လိုက်သည်။

"ကောင်းပြီ...သွားလေ..."

ကတ်ချ်ခမျာ အနည်းငယ်ဆုံးရှုံးသွားသလိုခံစားလိုက်ရသည်။ သူကနည်းနည်းလောက်ပဲဖြစ်ဖြစ် သခင်အသေးလေး သူ့ကိုတားဆီးချင်စိတ်ရှိမလားလို့ မျှော်လင့်ခဲ့မိတာ။ ကတ်ချ်ဟာ သက်ပြင်းအသာချလိုက်ရင်း ရဲ့ချင်ကိုတွန့်ဆုတ်စွာကြည့်၍ မှော်သားရဲလောကဆီဦးတည်ထားသည့် အက်ကွဲကြောင်းတစ်ခုကိုအလွယ်တကူဖန်တီးလိုက်သည်။

မြင့်မြတ်သွေးမျိုးဆက်ဆင့်ခေါ်သားရဲတစ်ဦးအနေဖြင့် မှော်သားရဲလောကဆီခုန်ကူးဖို့ သူ့အတွက်အခက်အခဲတစ်ခုမဟုတ်ပေ။ အက်ကွဲကြောင်းထဲသို့ဝင်ခါနီးတွင် ကတ်ချ်လက်ထဲက ရွှေရောင်သွေးစက်ဟာပြင်းပြင်းထန်ထန် ရုန်းကန်လာသည်။ သွေးစက်က ၎င်း၏နောက်ဆုံးသောစွမ်းအားကိုထုတ်သုံး၍ ကတ်ချ်လက်ထဲက ပြေးထွက်သွားသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now