(33)

2.7K 433 36
                                    

Unicode

ရဲ့မိသားစုကတကယ်ချမ်းသာသည် ကိုယ်ပိုင်လေကြောင်းလမ်းနှင့်ကိုယ်ပိုင်လေယာဥ်ရှိပြီး လေယာဥ်ပေါ်တွင်အရေးပေါ်လိုအပ်သည့်ပစ္စည်းအစုံလည်းရှိနေသေးသည်။ လေယာဥ်မှန်ကနေတစ်ဆင့် တိမ်ပင်လယ်ကြီးလို မြင်ကွင်းကိုကြည့်ရင်း ရဲ့ချင်ဟာ သက်ပြင်းခပ်သာသာချမိလိုက်သည်။ သူ့လက်ထဲတွင် နေရာလွတ်မီးတောင်က အရုပ်လေးတစ်ခုလိုပါလာခဲ့၏။ ဖြစ်နိုင်ရင် ဒီမီးခဲနဲ့တူတဲ့အရာကြီးကို လေယာဥ်ပေါ်ကနေပြစ်ချလိုက်ချင်တော့သည်။

သူ့ကံက ဘယ်လိုတောင်ဆိုးဝါးနေရတာလဲ။ ပထမ ဇာတ်လိုက်အတွက်စီစဥ်ပေးထားသည့် မြင့်မြတ်သားရဲမှာ သူ့ရဲ့ဆင့်ခေါ်သားရဲအဖြစ်သူကိုယ်တိုင်ပင်မသိလိုက်ချိန်မှာ ပြောင်းလဲသွားခဲ့သည်။ အခုတစ်ခေါက်တွင်လည်း နောက်ဇာတ်လိုက်အတွက်ဇာတ်ကြောင်းအတိုင်းရရှိလာမည်ဖြစ်သည့် သဘာဝရတနာမှာ အကြောင်းပြချက်မရှိ သူ့ကိုရွေးချယ်သွားပြန်သည်။

အရင်ဘဝက ဆိုးရွားသည့်ကံအခြေအနေမှာ ဒီဘဝထိတိုင်ရှိနေသေးတာဖြစ်နိုင်သည်။

နာရီတစ်ချို့ကြာ လေယာဥ်စီးခဲ့ရပြီးနောက် တစ်ဖန်ကားပြောင်းစီးခဲ့ပြီး ရဲ့အိမ်တော်ရှိရာဆီသို့ရောက်ရှိလာခဲ့သည်။ ရဲ့ချင်က အိမ်ရောက်ရောက်ချင်းမှာပင် အခန်းထဲတန်းဝင်သွားပြီးလက်ထဲက နေရာလွတ်မီးတောင်ကိုလွှင့်ပြစ်လိုက်ပြီးအိပ်ယာပေါ်ခြေကားယားလက်ကားယား ပြစ်လှဲချလိုက်သည်။

ပြဿနာအမျိုးမျိုး ဆက်တိုက်ဆိုသလိုဖြစ်ပျက်သွားပြီးနောက် စိတ်ဝိဥာဥ်က အနည်းငယ်ပင်ပန်းလာလို့ဖြစ်ကောင်းဖြစ်နိုင်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ရဲ့ချင်၏မျက်လုံးတွေမှာ မှေးမှိတ်သွားပြီး အိပ်မောကျသွားသည်။ အခန်းထောင့်တစ်နေရာတွင် ပြစ်ထုတ်ခံထားရသည့် နေရာလွတ်မီးတောင်ထဲကနေ အနီလုံးကခိုးကြောင်ခိုးဝှက်ထွက်လာ၏။

အိပ်ယာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဟန်ပေါ်သည့်ရဲ့ချင်ကိုမြင်လိုက်ရသည့်အခါတွင် ပျော်ပျော်ကြီးပြေးဝင်လာသော်လည်း လမ်းတစ်ဝက်မှာတင် လက်ဖဝါးကြီးတစ်ဖက်၏တားဆီးခြင်းကိုခံလိုက်ရသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now