(16)'နောက်ထပ် အဓိကဇာတ်လိုက်'

3.5K 527 48
                                    

Unicode

C A T ! !

ရဲ့ချင် ဟာ ဆံပင်ရှည်နှင့်အမျိုးသားကို ခြေစွန်းခေါင်းစွန်း ကြည့်ရင်း နာမည်နဲ့ လူနဲ့တကယ် လိုက်ဖက်လှပါလားဟု အတွေးဝင်သွားသည်။ မူရင်းပုံစံက ကြောင်တစ်ကောင် ဖြစ်တာကြောင့် Catဆိုသည့်နာမည်မှာ တည့်တိုးဖော်ပြရာရောက်ပြီး လွန်စွာလိုက်ဖက်ညီသည်။

ရဲ့ချင်၏ ပုံမှန်မဟုတ်သည့် မျက်နှာသေကြီးကိုမြင်သည့်အခါတွင် ကတ်ချ်ဟာ ခံစားချက်မကောင်းတော့သလိုခံစားရသည်။ သူအသည်းအသန်ခွဲခြားရှင်းပြလာ၏။

"ကျွန်တော်ပြောတာ ကတ်ချ် နော်....C A T ကိုပြောတာမဟုတ်ဘူး....ဟုတ်ပြီလား....ကတ် နဲ့ ကတ်ချ် ကအသံထွက်ဆင်ရုံပဲ...."

"အော်...."

ကတ်ချ် : "....."

သခင်အသေးလေးရေ။ မင်းရဲ့ မျက်နှာဘေးက ဘောက်မဲ့ကြောင့် မပြောင်းလဲသေးတာလဲလို့။

ရဲ့ချင်က စိတ်ဝင်စားမှုကင်းမဲ့စွာပင် ခပ်မြန်မြန်ခြေလှမ်းနှင့် ကတ်ချ်ကို ကျော်တတ်သွားသည်။

"လစ်တော့...."

ကတ်ချ် : "....."

ကိုယ့် ကိုယ်ပိုင် ဆင့်ခေါ်သားရဲကို မောင်းထုတ်နေတဲ့ သခင်မျိုး ဘယ်မှာရှိလို့လဲ။ OK!! ဒါပေမယ့် အခုတော့ရှိသွားပြီ။

ကတ်ချ်၏ ခြေထောက်တွေမှာမြေ​ပြင်ကို မထိပဲ ရဲ့ချင်ရှေ့သို့ ပေါ့ပေါ့ပါးပါး တိုက်ရိုက်လွင့်မြောသွားသည်။

"ကျွန်တော်က သခင်အသေးလေးရဲ့ ခန္ဓာကိုယ်ထဲမှာနေတာလေ....ဘယ်ကို ထွက်သွားရအုန်းမှာလဲ"

"မင်းလုပ်ချင်သလိုလုပ်"

ရဲ့ချင်၏ အမြဲတမ်းတုံးတိ ပြန်ပြန်ဖြေနေပုံဟာ ကတ်ချ်ကို အနည်းငယ်ဆွံ့အ သွားစေသည့်ဟန်ပင်။ သူသက်ပြင်းခပ်ဖွဖွချလိုက်ရင်း အနက်ရောင်အခိုးအငွေ့ အသွင်ပြောင်းလဲ၍ ရဲ့ချင်၏ နဖူးအလည်တည့်တည့်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်။

"သခင်အသေးလေးသာ တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကိုခေါ်လိုက်ပါ....ကျွန်တော်က ထင်ထားတာထက် ပိုပြီးလုပ်ကိုင်နိုင်စွမ်းရှိတယ်...."

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now