(40)

2.5K 344 11
                                    

Unicode

ထျန်းပိုင်ဟာ တံခါးတစ်ခုရှေ့တွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်ဖြင့် တစ်ယောက်တည်း ပြာယာခတ်နေသည်။

သခင့်ရဲ့အစီအစဥ်က မထင်မှတ်ထားအောင်ပျက်ဆီးသွားခဲ့သည်။ ၎င်းကိုတင်ပြချင်ပေမယ့် ဒီအချိန်က သခင်၏အနားယူချိန်ဖြစ်နေသည်။ တကယ်လို့ နှောင့်ယှက်မိခဲ့ရင် သူ့အသက်မှာ ဘယ်ကနေဘယ်လိုထွက်မှန်းမသိဖြစ်သွားနိုင်သည်။ တစ်နာရီလောက်အခန်းတံခါးအရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့ပြီးနောက်တွင် အရဲစွန့်လျက် တံခါးခေါက်လိုက်၏။

အထဲကဘာတုံ့ပြန်သံမှထွက်မလာပေ။ ဂနာမငြိမ်ဖြစ်နေသည့် ထျန်းပိုင်ခမျာ မီးခဲပူပူကြီးဖင်ခုထိုင်ထားသလိုမျိုး အခြေအနေသို့ရောက်ရှိလာချိန်၌ အခန်းတံခါး ပွင့်လာခဲ့သည်။ ရဲ့ချန်မော့၏မျက်နှာအမူအရာမှာသိပ်ပြီးကောင်းမွန်းမနေပေ။ သူ့အင်္ကျီလက်ဝနှင့် လက်ချောင်းထိပ်တွေ၌ ရောင်စုံဆေးရည်စက်တွေထင်ကျန်နေပြီး ထင်ထားသည့်အတိုင်းပင် သခင်ကပန်းချီဆွဲနေပြန်၏။

ထျန်းပိုင်က ကြောက်လန့်နေပေမယ့်သူ့တာဝန်သူတော့သိသေးသည်။

"မြို့တော်က ဆင့်ခေါ်သူနံပါတ်၄ ကျောင်းကိုခြုံခုံတိုက်ခိုက်မယ့်အစီအစဥ်က မထင်မှတ်ထားတာတစ်ခုဖြစ်သွားတယ်...."

"အစီအစဥ်ကျရှုံးသွားတာမဟုတ်လား...."

ရဲ့ချန်မော့က ဂရုမစိုက်သလိုလေသံဖြင့်ပြောလိုက်သည်။

"သ..သခင်သိတယ်...."

"သွေးစက်က ငါနဲ့ဆက်သွယ်မှုပျက်သွားတယ်...."

"....."

ထျန်းပိုင်၏မျက်လုံးတွေက ပြူးကျယ်သွားရှာသည်။ ဆိုလိုချင်တာက အစိုးရမှာ သခင့်ရဲ့သွေးစက်ကိုထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတစ်ခုရှိနေတယ်တယ်ပေါ့။ ဒါဆို သခင့်ရဲ့နောက်ခံအစစ်အမှန်မပေါ်သွားနိုင်ဘူးလား။

ကမ္ဘာပျက်မတတ်ထိတ်လန့်နေသည့် ထျန်းပိုင်နဲ့ကွာခြားစွာ ရဲ့ချန်မော့က အရမ်းတည်ငြိမ်နေသည်။ မသိရင် သူလုပ်သမျှအရာတိုင်းက လူကြီးတစ်ယောက်အိမ်ဆောက်တုံးလေးတွေကို အပျော်သဘောဖြင့်လျှောက်စီနေသလိုမျိုးပင်။ သူစိတ်ကျေနပ်ဖို့ဆိုရင် သူတည်ဆောက်ထားသည့် အိမ်ဆောက်တုံးလေးတွေကိုဖြိုချဖို့တုံ့ဆိုင်းခြင်းတစ်စက်လေးမှရှိမှာမဟုတ်ပေ။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now