(14)'ဒေါသထွက်သွားသည့် ရဲ့ချင်'

3.5K 482 16
                                    

Unicode

"ဒီကောင် ဒီနားလေးတင်ပဲပျောက်သွားတာ...."

"ရှာစမ်း!! ဒီမအေဘေးလေးကိုမသေမရှင်ဖြစ်အောင် ဆုံးမပေးမှ အစ်ကိုဟူကကျေနပ်မှာ"

လမ်းကြားတစ်နေရာတွင် လူငါးယောက်လောက်ဟာအမှိုက်ပုံးတွေနှင့် ချောင်ကြိုချောင်ကြားပါမကျန် တစ်စုံတစ်ခုကိုအသည်းအသန်ရှာဖွေနေလေသည်။

သူတို့ငါးယောက်နှင့်မနီးမဝေးရှိ အမှိုက်ပုံးကြီးတစ်ခု၏အနောက်တွင် ဖုန်းမင်ဟာသူ့အသက်ရှုသံကိုမနည်း ထိန်းညှိနေရင်းသူ့ကံကြမ္မာကိုသာအပြစ်တင်လိုက်မိသည်။သူကအကြမ်းမခံနိုင်ပေ။သူကအမြင့်လည်းကြောက်သလို၊တစ်ခြားဆင့်ခေါ်သူတွေကဲ့သို့သန်မာကောင်းမွန်သည့်ကိုယ်ကာယ မျိုးပိုင်ဆိုင်ထားခြင်းမရှိတာကြောင့် နည်းနည်းလောက်ပိုကြာကြာပြေးရုံနှင့်ကိုအသက်ထွက်လုမတတ်မောပန်းနေ တတ်သည်။

ယခုလည်းသူ့ရဲ့မျက်နှာနှင့်လက်ကောက်ဝတ်နားတွင်အနည်းငယ်ဖူးယောင်၍နာကျင်နေလေသည်။ခုနက ထိုသူငါးယောက်၏လက်ထဲမှာမတော်တဆ ဖမ်းမိသွားခဲ့ပြီး အချက်ရေအနည်းငယ်ထိုးကြိတ် ခံလိုက်ရသည်။ကံကောင်းလို့ ပြန်လွတ်လာသော်လည်း ဝေးဝေးသို့မပြေးနိုင်တော့ချေ။အကယ်၍ ပြေးလွှားနိုင်ခဲ့ရင်တောင် ခုနကလိုပြန်ဖမ်းမိသွားနိုင်သည်။

လူမိုက်ငါးယောက်၏အသံတွေမှာ ဖုန်းမင်အနား တဖြည်းဖြည်းနီးကပ်လာသည်။ကြည့်ရတာသူ့ရဲ့ထိုးကြိတ်ခံရမည့်ကံတရားကလွတ်မြောက်နိုင်မည့်ပုံမရပေ။

ရုတ်တရတ်ဆိုသလိုပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။ဖုန်းမင်က ဘာဖြစ်သွားမှန်းမသိပေမယ့်သူ့စိတ်ထဲပို၍သတိကပ်လိုက်သည်။သူငြိမ်ငြိမ်သက်သက်လေးသာနားစွင့်ရင်းဆက်လက်စောင့်ကြည့်နေသည်။လူငါးယောက်၏အသံမှာထပ်မံထွက်ပေါ်လာခြင်းမရှိတော့ပေ။

ဘာဖြစ်သွားတာလဲ။

ဝုန်း!!

အမှိုက်ပုံးကြီးမှာကျယ်ကျယ်လောင်လောင်အသံနှင့်အတူဘေးသို့ပေါ့ပေါ့ပါးပါးတွန်းရွေ့ခြင်း ခံလိုက်ရသည်။ဖုန်းမင်၏ လန့်ဖြန့်နေသည့်မျက်လုံးတွေအောက် အမှိုက်ပုံးကြီးကိုလက်တစ်ဖက်ဖြင့်ပေါ့ပေါ့ပါးပါးတွန်းထုတ်ထားသည့် လူတစ်ယောက်မှာပေါ်ပေါက်၍လာသည်။ဖုန်းမင်၏ပါးစပ်မှာဆင်တစ်ကောင်လုံးဝင်နေလို့ရသည်အထိပွင့်ဟသွားပြီး သူ့မျက်လုံးသူတောင်မယုံကြည်နိုင်တော့သလိုခံစားလိုက်ရသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now