(11)'ကျောင်းပြင်ခိုးထွက်ခြင်း'

3.6K 516 24
                                    

Unicode

ရဲ့ချင်ဟာသူ့မေးစေ့ဖြူဖြူလေးကိုပွတ်လိုက်ရင်းအသေအချာစဥ်းစားလိုက်သည်။စိတ်စွမ်းအားလေ့ကျင့်ရေးဆိုသည်မှာအလကားသက်သက်တော့မဟုတ်လောက်ချေ။စိတ်ဓာတ်မာလေစိတ်စွမ်းအားပိုမိုအားကောင်းလေဖြစ်ကြောင်း ကုရှီးမင်ကပြောထားသည်။

နေစမ်းပါဦး....စိတ်ဓာတ်မာတာ။

ရဲ့ချင်ဟာသူ့လက်ဝါးလေးပေါ်လက်သီးတင်၍ရှင်းရှင်းလင်းလင်းကိုနားလည်သဘောပေါက်သွားသည်။

စိတ်ဓာတ်ကြံခိုင်ဖို့ရန်ဆိုရင်အရေးကြီးဆုံးကကိုယ့်အကြောက်တရားကိုကျော်လွှားနိုင်မှရပေလိမ့်မည်။မင်းသာသေရမှာကြောက်နေရင်စစ်ပွဲမှာဝင်ပါနေစရာမလိုဘူး။မင်းသာအမြင့်ကြောက်နေရင်ပျံသန်းနိုင်တဲ့မှော်သားရဲတစ်ကောင်ပေါ်တတ်ထိုင်ရမယ်ဆိုရင်ဘယ်လိုလုပ်မလဲ။

အရာအားလုံးကရိုးရှင်းသည်။ကျောင်းသားတိုင်းမှာ ပူဖောင်းကအလွယ်တကူမပေါက်ကွဲနိုင်သည်ကိုနားလည်သော်လည်းပဲအမြင့်ကြောက်သည့်ပြဿနာတစ်ရပ်ကြောင့်ကောင်းကောင်းမွန်မွန်တွေးတောစဥ်းစားနိုင်စွမ်းမရှိကြတော့ချေ။

လူတိုင်းမှာကြောက်စိတ်ဆိုတာရှိသည်။အကြောက်တရားဆိုသည်ကဒီအတိုင်းကြောက်နေဖို့ရန်သာမဟုတ်ပဲ၎င်းကိုအသုံးချပြီးစိတ်စွမ်းအင်ကိုမြှင့်တင်နိုင်၏။

ရဲ့ချင်ဟာပူဖောင်းအတွင်းထဲကနေမတ်တပ်ရပ်လိုက်သည်။သူ့ရဲ့တည်ငြိမ်မှုကြောင့်လားတော့မသိပေမယ့်သူ့ပူဖောင်းမှာလှုပ်လှုပ်ရှားရှားရှိမနေပဲဖြေးဖြေးမှန်မှန်သာမြင့်တတ်နေ၏။သူဘေးပတ်လည်ကိုဝေ့ဝဲစူးစမ်းကြည့်လိုက်သည်။

သူ့အကြည့်တွေသူနဲ့သိပ်မဝေးသည့်နေရာတွင်ပူဖောင်းကိုစမ်းသပ်စစ်ဆေးနေဟန်ရသည့်လွီမုချီရှိရာဆီသို့စိုက်စိုက်မြိုက်မြိုက်ကျရောက်သွား၏။

ပူဖောင်းကိုအရှေ့သို့တွန်းလိုက်သည့်အခါတွင်လွယ်လွယ်ကူကူဖြင့်ရွေ့လို့ရသွားသည်။ကြည့်ရတာမာကျောပြီးသန်မာသည့်စိတ်စွမ်းအားရှိလေပူဖောင်းကိုရွေ့လျားရာတွင်ပိုမိုလွယ်ကူလေးဖြစ်နိုင်သည်။ရဲ့ချင်ဟာပူဖောင်းကိုအတွင်းပိုင်းထဲကနေတစ်ဆင့်ရွေ့လျားရင်းတစ်ခြားသောပူဖောင်းတွေကိုရှောင်ရှား၍လွီမုချီရှိရာဆီသို့တဖြည်းဖြည်းနီးကပ်လာသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now