(3)'စာအုပ်ဆိုင်'

4.6K 578 69
                                    

Unicode

ရဲ့ချင်ကသူလိုချင်သည့်အဓိကအချက်ကိုဖခင်ဖြစ်သူဆီရပြီးလျှင်သူ့ရဲ့သွေးမတော်သားမစပ်အစ်ကို၏ခေါင်းပေါ်ကစာတန်းကြီးကိစ္စကိုအဖြေရှာသည်။

လိုင်းပေါ်၌အဓိကဇာတ်လိုက်ဟူ၍ရှာဖွေလိုက်သည့်အခါတွင်မရေမတွက်နိုင်သည့်အွန်လိုင်းဝတ္ထုတွေထွက်ကျလာလေသည်။တစ်ပုဒ်စနှစ်ပုဒ်စကိုဖတ်ကြည့်ပြီးသည့်နောက်အဓိကဇာတ်လိုက်ဆိုသည်မှာဝတ္ထုတွေထဲအဓိကထားဖော်ပြထားတတ်သည့်ဇာတ်လိုက်တွေကိုဆိုလိုတာဖြစ်ကြောင်းနားလည်သွားသည်။

ပထမဦးဆုံးအကြိမ်မို့လို့လားတော့မသိပေမယ့်ရဲ့ချင်ဟာဝတ္ထုဖတ်ရှု့ရသည်ကိုအတော်လေးသဘောကျနှစ်ခြိုက်သွားသည်။ဝတ္ထုဖတ်ရသည့်အရသာကဘာနဲ့မှလဲသို့မရအောင်ငြိမ်သက်အေးဆေးစေသလိုစာရေးသူဖော်ပြထားသည့်အဓိကဇာတ်ကောင်၏ခံစားချက်အပေါ်လိုက်၍စာဖတ်သူတွေဟာဒေါသထွက်နိုင်သလို၊ပျော်ရွှင်နိုင်၊ရယ်မောနိုင်၊ဝမ်းနည်းနိုင်ကြသည်။

ဒါ...ဒါက......

ကမ္ဘာအသစ်ရဲ့တံခါးတစ်ချပ်ပဲ။

သို့ပေမယ့်ရဲ့ချင်ဟာဖုန်းကနေတစ်ဆင့်ဖတ်ရသည်ထက်စာအုပ်ကိုင်ကာဖတ်ရသည်ကိုပို၍နှစ်ခြိုက်သည်။ပြီးတော့သူ့ရဲ့ထူးခြားသည့်အချက်တစ်ချက်ကိုထင်ထင်ရှားရှားသတိထားမိလိုက်သေးသည်။

သူ့ရဲစာဖတ်နှုန်းကတကယ့်ကိုပုံမှန်မဟုတ်ပေ။အပိုင်း၂၀၀၀ကျော်လောက်ရှိသည့်သိုင်းစာစဥ်တစ်ခုကိုတစ်နာရီအတွင်းအစအဆုံးဖတ်ပြီးသွားသည်။

ရဲ့ချင် : "....."

ဒါကအဓိပ္ပါယ်မရှိဘူးမို့လား.....ဟမ်....

အရေးကြီးဆုံးကစာကြောင်းတစ်ခုဆီတိုင်းကိုတစ်လုံးမကျန်စိတ်ထဲစွဲနေအောင်မှတ်မိနေခဲ့ခြင်းပင်။ဆင့်ခေါ်သူတွေရဲ့သာမန်မဟုတ်သည့်ဥာဏ်ရည်မှာဒါကိုပြောတာများလားဟုတောင်တွေးမိသွားသည်။

ဤသည်မှာဒီကမ္ဘာရှိအင်တာနက်လိုင်းပြေးနှုန်းမှာသောက်ရမ်းမြန်ဆန်နေရသည့်အချက်အပြင်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအားသာချက်တွေမှာသူ့အရင်ဘဝကထက်တောင်ဆယ်ဆမကပိုမိုသန်မာအားကောင်းလာသေးသည်။ဖုန်းပွတ်နေသည့်သူ့လက်တွေမှာမြန်ဆန်လွန်းလို့ဖုန်းမျက်နှာပြင်တောင်မီးထမတောက်တာအတော်လေးကံကောင်းသည်ဟုဆိုရပေမယ်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now