(7)'ဆင့်ခေါ်သူ 459 ကျောင်းတော်'

4.3K 554 24
                                    

Unicode

ရဲ့ချင်ဟာကိုယ့်အခန်းကိုယ်သာ တည့်တည့်မတ်မတ်ပြန်လာခဲ့တာကြောင့် နောက်ပိုင်းအဖြစ်အပျက်တွေကို သတိမထားမိလိုက်ပေ။

လီဟွား၏ခေါင်းပေါ်မှာရှိတဲ့ 'ဗီလိန်' ဟူသည့်စာတန်းက သူ့ကိုဇာတ်လမ်းဇာတ်ကွက်တစ်ချို့အား တွေးတောမိသွားစေသည်။သူမက ရဲ့လင်းဝူနှင့် ရင်းနှီးဟန်ပေါ်သောကြောင့် သူငယ်ချင်းတွေ ဖြစ်နိုင်သည်။

ဘာကြောင့်ဗီလိန်တစ်ယောက်ဖြစ်လာရလဲဆိုတော့ သိပ်ပြီးခန့်မှန်းရမခက်ခဲပါချေ။ဒီရက်ပိုင်းအတွင်း သူ့ရဲ့ဖတ်ဖူးသည့်ဝတ္ထုပေါင်းများစွာထဲက ဇာတ်ကြောင်းအသွားအလာကိုကြည့်ရရင် သူမကအစပထမတွင် အဓိကဇာတ်လိုက်ဖြစ်သူ ရဲ့လင်းဝူကိုဒီအတိုင်း သာမန်သူငယ်ချင်းသံယောဇဥ်သာ ရှိနေအုံးပေလိမ့်မည်။

သို့ပေမယ့် အဓိကဇာတ်လိုက်၏ ရောင်ဝါကြောင့်ရဲ့လင်းဝူအနား၌မရေမတွက်နိုင်သည့် မိန်းမလှလေးတွေဝေ့ဝဲလာသောအခါတွင် မနာလိုစိတ်နဲ့အတူ ရဲ့လင်းဝူကိုမုန်းတီးရင်မုန်းတီးလာနိုင်သည်။ဒါမှမဟုတ် သူမသူ့ကိုတိတ်တခိုးချစ်နေမိမှန်းနားလည်လာနိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ်သူမက နောက်ဆုံး၌မနာလိုစိတ်နဲ့အတူ အမှားပေါင်းများစွာကျူးလွန်မိ၍ ရဲ့လင်းဝူနှင့်ခံစားချက်မသံကွဲသည့် အချစ်အမုန်းဆက်ဆံရေးဖြင့် ဆန့်ကျင်ဘက်ရန်သူတွေဖြစ်လာကြပေလိမ့်မည်။

ဘယ်လောက်တောင်ကောင်းလိုက်တဲ့ဇာတ်ညွှန်းလဲ။သိုင်းစာစဥ်တစ်ချို့၌ ဒီလိုမျိုး ဇာတ်လိုက်နှင့်ဗီလိန်အမျိုးသမီးတို့ရဲ့ မရေမရာဝေဝေဝါးဝါး ခံစားချက်တွေ၊အချစ်နဲ့အမုန်းရောနှောနေတဲ့ ဆက်ဆံရေးမျိုးတွေပါရှိကြသည်။

ရဲ့ချင်၏ခံစားချက်မဲ့သောမျက်ဝန်းနက်အတွင်း၌စိတ်ဝင်စားမှုလှိုင်းတစ်ချို့ဖြတ်ပြေးသွားသည်။

သူလုံးဝမသိခဲ့သည်က သူ့တွက်ချက်ခန့်မှန်းထားသည့်ဇာတ်ညွှန်းကောင်းလေးမှာ ဇာတ်ကောင်နှစ်ယောက်လုံး သူနှင့်စတင်တွေ့ဆုံပြီးတည်းက တစ်စစီပျက်ဆီးပျောက်ကွယ်သွားခြင်း ပင်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now