(18)'ရဲ့ချင်၏မျက်နှာ'

3.4K 531 61
                                    

Unicode

ဖုန်းမင်တို့လေးယောက်၏အကြံအစည်ကရိုးရှင်းသည်။ သူတို့က ရဲ့ချင်ကိုချွေးပြိုက်ပြိုက်ကျလာစေချင်ရုံပင်။ မနေ့ညက ရဲ့ချင်၏အမူအရာကြောင့် ပြေးလွှားရသည်မှာ သူ့အတွက် ခက်ခဲခြင်းမရှိကြောင်းသိလိုက်ရသည်။ ဒီလိုပုံမှန်နှုန်းလေးနှင့် ဆက်ပြေးနေရင် ကြီးကြီးမားမားချွေးထွက်လာဖို့ရန်မှာ မဖြစ်နိုင်သလောက်ဖြစ်သည်။

ရဲ့ချင်သာ ချွေးစေးတွေ ထွက်ကျလာရင် မျက်လုံးထဲချွေးစက်တွေဝင်ဖို့ရန်မခက်ခဲပေ။ အဲ့ဒီအခါကျမှ.... တစ်မျိုးမထင်ပါနဲ့။ မျက်မှန်ချွတ်ပြီးမျက်လုံးထဲဝင်သွားတဲ့ချွေးတွေကိုသုတ်ပြစ်နိုင်တယ်လို့ စဥ်းစားမိရုံပါ။ တကယ့်ကိုရွှေဥာဏ်တော်စူးရောက်ချက်က ကမ်းကုန်ပါပဲ။

ရဲ့ချင်သာ သူတို့အကြံအစည်ကိုကြားရင် ပါးစပ်အဟောင်းသားဖြစ်သွားလောက်သည်။ ဒါကဘယ်လိုတောင်သောက်ကျိုးနဲ ကြီးမားလိုက်တဲ့အကြံအစည်ပါလိမ့်။

အဟမ်း။ဆက်ရအောင်။ သူတို့လေးယောက်က ထူးထူးခြားခြား အပြေးပြိုင်ပွဲတွေမှာ ပထမဆုရနေကျဖြစ်သည့် ကျို့ယောင်ကိုရှာဖွေတွေ့ရှိသွားသည်။ အစတည်းက အတန်းခေါင်းဆောင်ရူး ရူးနေရှာသည့်ကျို့ယောင်ဟာ ​သိပ်ကြာကြာတောင်မဆွယ်လိုက်ရပါပဲ ဖုန်းမင်၏ အတန်းခေါင်းဆောင်ရွေးချယ်ခံသည့်ထဲက နှုတ်ထွက်ပေးပါ့မယ်ဟူသော စကားတစ်ခွန်းနဲ့တင် ပြီးမြောက်သွားခဲ့သည်။

ကျို့ယောင်လုပ်ဖို့လိုတာက ရဲ့ချင်ကို ချွေးများများ ထွက်လာအောင် အပြေးပြိုင်ရင်း ဆွဲခေါ်သွားဖို့ရန်ပင်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီးရဲ့ချင်ရဲ့ မတုန်မလှုပ်ကျောက်ရုပ်ပုံစံနဲ့တည့်တည့်သွားတိုးရင်း သူချည်းသာ လှိမ့်ပိတ်ခံလိုက်ရသည်။ လျှာတန်းလန်းထွက်တဲ့အထိ စကားပြောလိုက်ရသည့် ကျို့ယောင်ဟာ စိတ်နာနာဖြင့်လှည့်ထွက်သွားတာကြောင့် ဖုန်းမင်တို့လေးယောက်သာ ကြောင်တောင်တောင်မျက်နှာလေးတွေဖြင့်ရပ်ရင်းကျန်ခဲ့သည်။

လွီမုချီကမထူးဆန်းဟန်ဖြင့် သူ့ရဲ့ ရေခဲပြာရောင်မျက်ဆန်တွေကို ပင့်မကြည့်လိုက်ရင်းပြောလိုက်သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now