(36)

2.5K 389 15
                                    

Unicode

ဆင့်ခေါ်သူနံပါတ်4 ကျောင်းတော်က 459ကျောင်းတော်ထက်ပိုမိုကြီးမားပြီး နည်းပညာမြင့်အဆောက်အအုံတွေကိုနေရာအနှံ့တွေ့နိုင်သည်။ ပထမအချိန်ပြီးသွားလို့ဖြစ်နိုင်၏။ နေရာအနှံ့တွင် လှုပ်ရှားတတ်ကြွနေသည့်ကျောင်းသား၊ကျောင်းသူတွေကိုမြင်တွေ့နေရသည်။ ဆင့်ခေါ်သူကျောင်းတိုင်းလိုလိုတွင် စာသင်ချိန်တစ်ချိန်ပြီးတိုင်း နားချိန်တစ်နာရီပေးအပ်လေ့ရှိတာကြောင့် သိပ်ပြီးအံ့ဩမနေပေ။

ရဲ့ချင်၏ပုံစံကနည်းနည်းထူးဆန်းနေလို့ဖြစ်နိုင်သည်။ သူ့အနားကဖြတ်သွားသည့်ကျောင်းသားတိုင်းလိုလို ဦးထုတ်ခပ်ငိုက်ငိုက်ဆောင်းထားသည့်ပြီးmask အမည်းတပ်ထားသည့်ရဲ့ချင်ကိုလည်ပြန်လှည့်ကြည့်သွားတတ်ကြသည်။ ရဲ့ချင်လည်း သူ့ပုံစံကထူးဆန်းနေမှန်းသိပေမယ့် လက်ထဲကဖိုင်ကိုရင်ဘတ်နားပိုက်ထားရင်း ထူးဆန်းသည့်အကြည့်တ်ချို့ကိုလျစ်လျူရှု့လိုက်သည်။

ရဲ့လင်းဝူကိုရှာရတာကအနည်းငယ် ဒုက္ခများသည်။ လမ်းမှာကျောင်းသားတစ်ချို့ကို ရဲ့လင်းဝူဘယ်နေရာမှာရှိလဲမေးမြန်းခဲ့ပေမယ့်မည်သူမှ ကျောင်းကောင်စီဥက္ကဋ္ဌ၏တည်နေရာကိုမသိကြချေ။ ပုံမှန်ဆို ပဥ္စမနှစ်ကျောင်းဆောင်တွင်သွားရှာသင့်တာမှန်ပေမယ့် ကျောင်းကောင်စီဥက္ကဋ္ဌတစ်ဦးအနေဖြင့် ရဲ့လင်းဝူက ကျောင်း၏ဘယ်နေရာမဆိုပေါ်လာတတ်သည်။

သူ့ကိုကျောင်းကောင်စီရုံးခန်းထဲမှာတောင်တွေ့ဖို့ခက်ခဲသည်ဟုပြောကြသည်။ ဒါကြောင့်လည်း သူ့ကိုကျောင်းဝတ်စုံပေးပြီးကူညီခဲ့သည့်ကျောင်းသားက ကျောင်းကောင်စီဥက္ကဋ္ဌကို တွေ့ဖို့မလွယ်ဘူးဟုပြောခဲ့ခြင်းပင်။ ဖြစ်နိုင်ရင် ကျောင်းသားတစ်ချို့ဆီက ဖုန်းငှားချင်သော်လည်းပဲ သူ့ကိုအရူးတစ်ယောက်သဖွယ်ကြည့်၍ မပြေးရုံတမယ်ခြေလှမ်းတွေဖြင့်ထွက်သွားကြသည်ချည်းသာ။

ရဲ့ချင် : "....."

သူ့အနီးတွင်ကျောင်းသားတွေအများကြီးရှိနေတာကြောင့် ကျောင်းအပေါက်ဝတုန်းကလို အလွယ်တကူ ဦးထုတ်နှင့်mask ကိုချွတ်လိုက်လို့အဆင်မပြေပေ။ ဒါကြောင့် သူ့ရဲ့အားသာချက် ဖြစ်သည့်မျက်နှာကိုအသုံးမပြုနိုင်ပေ။ ရဲ့လင်းဝူ၏တည်နေရာကို မရှာဖွေနိုင်သော်လည်းပဲ ကျောင်းကောင်စီရုံးခန်ကိုဦးတည်ရန်ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အဲ့မှာရဲ့လင်းဝူနဲ့ရင်းနှီးတဲ့ အဖွဲ့ဝင်တစ်ချို့ရှိနေလောက်မှာပင်။ သူတို့ကနေတစ်ဆင့် ရဲ့လင်းဝူဆီဖုန်းဆက်ခေါ်လို့ရရင်ရလောက်သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now