(20)'အတိတ်ဆိုး'

3.3K 502 23
                                    

Unicode

စာသင်ချိန်ပြီး သွားပြီးနောက်တွင် ရဲ့ချင်ဟာ နေ့လည်စာစားဖို့ရန် ခုံပေါ်မှ မတ်တပ်ထရပ်လိုက်သည်။

"ကျောင်းကန်တင်းသွားမလို့လား"

ဘေးခုံတွင် ထိုင်နေသည့် လွီမုချီက ရဲ့ချင်ကိုတည်ငြိမ်သည့်အသံဖြင့်မေးလာသည်။ ရဲ့ချင်က အထူးအဆန်း မဟုတ်သလိုမျိုးခေါင်းငြှိမ့်ပြလိုက်သည်။

"တူတူသွားရအောင်"

လွီမုချီရဲ့ဖိတ်ခေါ်ချက်ကို ရဲ့ချင်ကခေါင်းတစ်ချက် ထပ်ငြှိမ့်ပြရင်းတုန့်ပြန်လိုက်သည်။ သူတို့နှစ်ယောက်အခန်းထဲက ထွက်ဖို့ရန်ပြင်လိုက်ချိန်မှာပဲ ဖုန်းမင်၊ နန်ရှောင်မေနဲ့ ထင်းယီတို့သုံးဦးသားဟာ လမ်းပိတ်ရပ်ရင်း ရူးကြောင်ကြောင်အပြုံးမျိုးပြုံးပြလာ၏။

ဖုန်းမင် : "ရဲ့သခင်လေး....မင်း ညနေ ကျောင်းဆင်းချိန် အားလား..."

"အင်း"

ဖုန်းမင်နှင့်လူနှစ်ယောက်ဟာ လူယုတ်မာပြုံးပြုံး လိုက်သည်။

နန်ရှောင်မေ : "ဒီကျောင်းနဲ့ သိပ်မဝေးတဲ့နေရာမှာ ငါ့အစ်ကို ပိုင်တဲ့ရေပူစမ်းတစ်ခုရှိတယ်....ငါတို့တွေ သွားအနားယူမလို့....တစ်နေ့တစ်နေ့ ခန္ဓာကိုယ်လေ့ကျင့်ရတာနဲ့ ရှိသမျှ မှော်သားရဲတွေကို မှတ်သားရတာခက်ခဲတယ်မဟုတ်လား....စိတ်ချပါ....ည ၈ နာရီမတိုင်ခင် ကျောင်းအဆောင်ကိုပြန်ရောက်စေရမယ်လို့ ငါအာမခံတယ်..."

နန်ရှောင်မေ၏ အပြုံးမှာအနည်းငယ်ထူးဆန်းသည်။ မျက်မှန်ချွတ်ရန် အကြံအစည်ကိုယခုထက်ထိ လက်မလျော့နိုင်သေးသည့် သူတို့အဖွဲ့ဟာ ရဲ့ချင်ကိုရေပူစမ်းကထွက်သည့် ရေငွေ့နေဖြင့် မဖြစ်မနေမျက်မှန် ချွတ်ရသည့်အခြေအနေတစ်ရပ်ကို ရည်မှန်းနေခဲ့သည်။ မည်သူကများ ရေပူစမ်းထဲမှာ မျက်မှန်တန်းလန်းနဲ့ရေစိမ်လို့လဲ။

ရဲ့ချင်က သူ့အရှေ့ကသုံးယောက်ကို မျက်နှာသေဖြင့်အတန်ကြာကြည့်သည်။ ပြီးနောက် သူ့ဘေးနားရှိ ရေခဲတုန်း လွီမုချီကိုစောင်းငဲ့ကြည့်လိုက်ပြန်တော့လည်း အေးစက်နေပေမယ့် မျှော်လင့်စောင့်စားတဲ့အရိပ်အယောင်တစ်ချို့ကိုခံစားမိလိုက်သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now