(31)

2.7K 393 13
                                    

Unicode

ကုရှီးမင်၏ လုပ်ရပ်က မြန်ဆန်လွန်းတာကြောင့် စွင်းယန်မှာ တစ်ချက်မျှကြောင်သွားရှာသည်။ သို့ပေမယ့် ကုရှီးမင်ရင်ခွင်ထဲတွင်မြုပ်လုမတတ်ဖြစ်နေသည့်ရဲ့ချင်ကို မြင်လိုက်ရသည့်အခါတွင် သူ့ရင်ထဲအကြောင်းပြချက်မရှိ မီးတောင်တစ်ခုပေါက်ကွဲသွားသလိုမျိုး ဒေါသတွေထိန်းမရတော့ပေ။

"ခင်ဗျား ဘာလုပ်တာလဲ!!"

စွင်းယန်သည် ရဲ့ချင်နှင့်ကုရှီးမင်တို့နှစ်ယောက်ကို အတင်းအကြပ်ဆွဲခွာလိုက်သည်။ ကုရှီးမင်၏ သွေးနီရောင်မျက်ဆံတွေကကျဥ်းမြောင်းသွားကာ စွင်းယန်ကို အပိုင်းပိုင်းအစစ ပိုင်းဖြတ်ချင်နေသလိုမျိုးကြည့်လာ၏။ ရဲ့ချင်ဟာ သူ့ရဲ့အနည်းငယ်ရွဲ့စောင်းသွားသည့်မျက်မှန်ကိုပြန်တည့်လိုက်ရင်း ကုရှီးမင်ကိုမေးလိုက်သည်။

"ဆရာကု?? ဒီကိုဘယ်လိုရောက်လာတာလဲ"

"မင်းကြောင့်လေ"

"????"

"အဟမ်း....ကိုယ်ဆိုလိုချင်တာက မင်းကကိုယ့်ရဲ့ကျောင်းသားမဟုတ်လား....ဆရာတစ်ယောက်အနေနဲ့ ကိုယ့်ကျောင်းသားဒုက္ခရောက်နေချိန်မှာ ဒီအတိုင်းရပ်ကြည့်မနေနိုင်ဘူးလေ"

"....."

ရဲ့ချင်က ဘာမှမပြောလာပေမယ့် စွင်းယန်ကတော့ နှာခေါင်းတစ်ချက်ရှုံ့ရင်း လှောင်လိုက်သည်။

"ဆရာက ကျွန်တော့်ကိုမေ့များမေ့သွားတာလား"

"မမေ့ပါဘူး...."

ကုရှီးမင်က ဖော်ရွေသည့်အပြုံးဖျော့ဖျော့လေးတစ်ခုကိုဖော်ပြလိုက်သည်။ သို့ပေမယ့် တကယ့်အကြောင်းအရင်းမှန်ကိုသိသည့် စွင်းယန်က ဒေါသတကြီး လှောင်ပြောင်သည့်ဟန် နှာမှုတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် ဒီအတန်းပိုင်ဆရာဆိုတဲ့တစ်ယောက်ကိုတစ်စက်လေးမှ ကြည့်မရပါချေ။ သူ့အမြင်တွင် ဒီလူရဲ့အပြုံးကအရမ်းအတုအယောင်ဆန်လွန်းသည်ဟုခံစားရသည်။

"မင်းအနောက်က ဘာကြီးလဲ"

ကုရှီးမင်ဟာ ရဲ့ချင်နောက်တွင်ဖွက်ထားသည့် အရာကိုသတိထားမိသွားသည်။ ရဲ့ချင်က သူ့အနောက်က မီးတောင်အသေးလေးကိုကုရှီးမင်အရှေ့ထုတ်ပြလိုက်ပြီးပြောသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now