(43)

2K 299 14
                                    

Unicode

အစပိုင်းတွင်ကတ်ချ်ဟာ လွီမုချီကိုချက်ချင်း မှတ်ဥာဏ်တွေဖျောက်ဖျက်ပြီး ပြန်လွှတ်ရန်စဥ်းစားလိုက်သော်လည်း ခဏအတွင်းမှာပင်စိတ်ပြောင်းသွားသည်။ လွီမုချီကိုအခန်းထဲအလျှင်အမြန်ဆွဲသွင်းလိုက်ပြီး သူတို့ကိုဘယ်သူမှမမြင်မှန်းသေချာစေရန် အခန်းအပြင်ဘက်ကို ဘယ်ညာစူးစမ်းကြည့်၍ တံခါးလော့ချလိုက်သည်။

"ခင်ဗျား ဆိုလိုချင်တာက ခင်ဗျားက ရဲ့ချင်နဲ့စာချုပ်ချုပ်ထားတဲ့ ဆင့်ခေါ်သားရဲပေါ့"

ကတ်ချ်က ဟုတ်မှန်ကြောင်းခေါင်းငြှိမ့်ပြသည်။ လွီမုချီဟာအတန်ကြာအောင်တိတ်ဆိတ်သွား၏။ သူက ဖုန်းထဲဖွင့်ပြထားသည့်ကြောင်နဲ့ကြွက်ကာတွန်းကားကို မျက်လုံးဝိုင်းလေးတွေဖြင့်စိတ်ဝင်တစား ငြိမ်သက်စွာထိုင်ကြည့်နေသည့် ကလေးငယ်ကိုညွှန်ပြလိုက်သည်။

"ဒီကလေးက ရဲ့ချင်?"

"အင်း"

လွီမုချီ : "....."

အခန်းတွင်း၌ ဖုန်းထဲကထွက်လာသည့် အသံတွေမှလွဲ၍ ပြန်လည်တိတ်ဆိတ်သွားသည်။ လွီမုချီဟာမနေနိုင်စွာ ကလေးငယ်၏မျက်နှာလှလှလေးကိုထပ်ကာထပ်ကာကြည့်မိသွားသည်။

ရဲ့ချင်ငယ်ငယ်တုန်းက ဒီလောက်တောင်လှတာလား။ အရွယ်မရောင်သေးသည့်အပြင် သေးသေးကွေးကွေးဖြင့် လေး၊ငါးနှစ်လောက်သာရှိမည့်ကလေးတစ်ယောက်က ဒီလောက်ထိတောင် မျက်စိမလွှဲနိုင်သည်အထိလှရက်နိုင်လွန်းမည်ဟု ဘယ်သူကများထင်မှတ်ထားမှာလဲ။ ဒီမျက်နှာသေးသေးလေးက အပြစ်အနာအဆာတစ်ခုမှမရှိပဲ ချွေးပေါက်လေးတွေတောင်မမြင်ရသည်အထိအသားအရေကချောမွေ့နူးညံ့လွန်းနေသည်။ ထိကြည့်လိုက်တာနဲ့ အိဝင်သွားမည်မှာသေချာသလောက်ပင်။

သူ့တစ်သက်တွင် ဒီလောက်ထိပြီးပြည့်စုံသည်ထက်ပိုတဲ့ မျက်နှာမျိုးမကြုံခဲ့ဖူးပေ။ ဒီမျက်နှာလေးနဲ့ဆိုရင် ကြီးပြင်းလာတဲ့အခါဘယ်လောက်တောင်ကြည့်ကောင်းလိုက်မလဲ။ ထိုအခိုက်အတန့်တွင် ရဲ့ချင်၏ မျက်မှန်အထူကြီးက သူ့မျက်နှာကိုဖုံးကွယ်ဖို့ရန် အဓိကရည်မှန်းထားခြင်းဖြစ်ကြောင်း သူတထစ်ချသိလိုက်သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now