အခန်း ၄ သူငယ်ချင်း

4.2K 459 1
                                    

Unicode

အိုင်ယမ်က သူညွှန်ပြတဲ့လားရာတစ်လျှောက်ကို လိုက်ကြည့်လိုက်လေသည်။ သို့ပေမယ့် သူမြင်တာကတော့ သူတို့ရှေ့မှာ လမ်းလျှောက်နေကြတဲ့ လူအုပ်ကြီးတွေပဲ ဖြစ်သည်။

သူ့ဘေးကလူက နောက်ထပ်တစ်ကြိမ် ထပ်ညွှန်ပြလာလေသည် "ဟိုမှာလေ! ဂျင်းအပြာရင့်ရောင်အင်္ကျီနဲ့ကောင်လေး။ ကျွန်တော်ပြောပြမယ် သူက သူဌေးသူ့အရွယ်လောက်တုန်းကရုပ်နဲ့ တော်တော်တူတယ်"

နောက်တစ်ကြိမ် သေသေချာချာထပ်ကြည့်ပြီးတဲ့နောက် သူလည်းထပ်မရှာနိုင်တော့ပါဘူး "သူကသွားပြီထင်တယ်" စိတ်ပျက်သွားသလိုအသံနဲ့ ပြောလိုက်ပြီး သူ့သူဌေးကိုလည်း "လုံခြုံရေးအဖွဲ့ချုပ်ကို သွားမေးမကြည့်ချင်ဘူးလား သူက သူဌေးရဲ့ ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ညီလေးဖြစ်နိုင်တယ်လေ"

အိုင်ယမ်ကတစ်ချက်စိုက်ကြည့်လိုက်၏။ သူ့အတွင်းရေးမှူးက တကယ်ဘာမှမကြည့်တတ်ဘူးပဲ။ အိမ်ပြန်လာတဲ့ သူ့ညီဆိုတာ ဘယ်လိုမှမဖြစ်နိုင်တာ။ သူကပြန်လှည့်လိုက်ပြီး ဆန့်ကျင်ဘက်လမ်းကြောင်းကို ဆက်လျှောက်သွားလိုက်တော့သည်။

ဂျူလီယန်က သူ့ရဲ့မိသားစုဝင်အသစ်ကို လမ်းမှာ ဖြတ်လျှောက်လာမိတယ်ဆိုတာမျိုး တွေးမိမှာတောင် မဟုတ်ဘူး။ သူက စိတ်ကျေနပ်နေသည်လေ။ သူယူဖို့လိုတဲ့ အရာတွေကို ဝယ်ခဲ့ပြီးပြီ၊ သူဝယ်ဖို့မလိုတဲ့ အရာတွေကိုလည်း ဝယ်ခဲ့လိုက်တာပါပဲ။ ဟိုတယ်ဆီပြန်တဲ့လမ်းမှာ သူက ညစာစားရင်း သောက်ကြည့်ရမယ့်ဝိုင်အကြောင်းကို သေချာလေး တွေးတောနေခဲ့လေသည်။

ဒီညနေတော့ သူက Leroy Musigny Grand Cru 1969ကို ရွေးချယ်လိုက်သည်။ ဝိုင်က စသောက်တဲ့အချိန်ကစပြီး သောက်ပြီးသွားတဲ့အချိန်ထိ အရမ်းကို ပြည့်စုံကောင်းမွန်နေပြီး raspberry အရသာ ပြင်းရှရှလေး ဖြစ်လေသည်။ အုန်း၊ ချယ်ရီအနီတွေနဲ့ တခြားသစ်သီးအချို့လည်း ပါဝင်နေတာကို ခံစားရနေသည်။ သိုးသားကြွပ်ဆတ်ဆတ်လေးနဲ့ ဘာဂန်ဒီနယ်ထွက်ဝိုင်က လိုက်ဖက်ညီနေ၏။ သူ့နှလုံးခုန်သံတွေတောင်မှ တစ်ချက်နှစ်ချက်လောက် စည်းချက်မှားသွားသည်အထိပင်။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now