အခန်း ၆ ပြန်လည်တွေ့ဆုံခြင်း

4K 455 4
                                    

Unicode
သူနဲ့အရင်က တစ်ခါမှမတွေ့ဖူးသေးတဲ့ သူ့အကိုဆိုတဲ့လူနဲ့ ကားတစ်စီးထဲမှာ အတူထိုင်စီးရတာက သူ့အတွက် အရမ်းကို ကိုးရိုးကားရားနိုင်လွန်းသည်။ သူက ဘယ်နေရာကို ကြည့်ရမှန်းလည်းမသိသလို သူ့လက်တွေကို ဘယ်လိုထားရမှန်း‌လည်း မသိဘူး။

ဂျူလီယန် စကားမပြောချင်တာ မဟုတ်ဘဲ သူ ဘာပြောရမှန်းမသိဖြစ်နေတာပဲ ဖြစ်သည်။ သူ့စိတ်ထဲမှာတော့ ဘာမှမတတ်နိုင်ဘဲ သက်ပြင်းတွေပဲ ချနေမိလေသည်။

ပထမဆုံး စကားစပြောလာတာက အိုင်ယမ်ပဲဖြစ်သည်။ "မင်းငါ့ကို မုန်းနေတုန်းပဲလား?" စိတ်လှုပ်ရှားနေတဲ့ အမူအရာတွေနဲ့ သူ့ကိုကြည့်ပြီး ပြောလာခြင်းဖြစ်သည်။ ဂျူလီယန်ရဲ့ မျက်လုံးတွေတောင်ပြူးသွားမိပြီးမှ "မဟုတ်ပါဘူး!" ဆိုပြီး ချက်ချင်း ပြန်ဖြေလိုက်ရ၏။ သူ့ကို သိတောင်မသိပါဘူး..။

[System: မူလဂျူလီယန်က သူ့မိဘတွေရဲ့ သေဆုံးခြင်းကို သူ့အကိုအပေါ် အပြစ်တင်လေ့ရှိတယ်။ သူတို့က ကားမတော်တဆမှုဖြစ်ခဲ့တာလေ။ ပြီးတော့ အဲ့တုန်းက အိုင်အွန်က ကားမောင်းပေးခဲ့တာ။]

ဒီအခြေအနေက အရမ်းကိုဆင်တူနေခဲ့၏။ အရင်ကမ္ဘာမှာတုန်းက သူ့မိဘတွေလည်း အဲ့လိုနည်းနဲ့ပဲ ဆုံးပါးသွားခဲ့တာ။ သူကအဲ့တုန်းက ကားနောက်ခုံမှာ လိုက်ပါခဲ့တာဖြစ်ပြီး တစ်ဦးတည်းသော အသက်ရှင်ကျန်တဲ့သူ ဖြစ်ခဲ့တာ။

Systemရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် ဂျူလီယန်ရဲ့မျက်လုံးတွေက အဝေးကိုငေးကြည့်နေဖြစ်ခဲ့ပြီး သူ့အတွေးတွေကလည်း ခုနနဲ့ လုံးဝကွာခြားသွားတာဖြစ်သည်။ သူက ခေါင်းခါပြလိုက်ပြီးပြောလိုက်သည် "ကျွန်တော် မမုန်းပါဘူး။ အသက်ရှင်ကျန်ခဲ့တဲ့အတွက်ကိုလည်း ခွင့်လွှတ်ပါတယ်။" သူ့ကိုယ်သူလည်း အသက်ရှင်ကျန်ရစ်ခဲ့တာကို ခွင့်လွှတ်ပြီးခဲ့ပြီဖြစ်သည်။ "မင်းလည်း ကောင်းကောင်းမွန်မွန် ဆက်ရှင်သန်ပြီး ပျော်ရွှင်ရဦးမယ်လေ"

အိုင်ယမ်က သူ့ကို လက်မောင်းတွေကြား ပွေ့ဖက်ထားရင်း "တောင်းပန်ပါတယ်ကလေးလေး။ အကိုတကယ်ကို တောင်းပန်ပါတယ်" ဆိုပြီး ထပ်တလဲလဲ ရေရွတ်နေခဲ့လေသည်။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now