အခန်း ၁၄ Trauma

2.5K 305 3
                                    

Unicode

ဂျူလီယမ်က သရုပ်ဆောင်ဘဝတုန်းက အဖြစ်အပျက်များစွာကို တွေ့ကြုံခဲ့ရသည်။ သူက နှစ်အနည်းငယ်လောက်ကြာအောင် ဆက်တိုက်ကို ခြိမ်းခြောက်အနိုင်ကျင့်ခံခဲ့ရပြီး သူ့နောက်ကို နောက်ယောင်ခံလိုက်တဲ့သူတစ်ယောက်လည်း ရှိခဲ့ဖူးသည်။

အဲ့ဒီလူက သူ့အိမ်မှာ လူကိုယ်တိုင်ပေါ်လာတာမျိုး မဟုတ်ပေမယ့် အဲ့ဒီသူက သူလုပ်သမျှအရာအားလုံးကို သိနိုင်ဖို့, သူ့ဘဝရဲ့အသေးစိတ်အချက်အလက် တစ်ခုချင်းစီကို သိရပြီး အွန်လိုင်းပေါ်မှာ တင်နိုင်ဖို့ အဲ့ဒီရည်ရွယ်ချက်တွေပေါ်မှာပဲ သူတို့ဘဝရဲ့
နှစ်အနည်းငယ်လောက်ကို နှစ်မြှပ်ပြီးတော့တောင် ‌ပြုမူလုပ်ဆောင်ခဲ့ကြတာ။ တချို့သူတွေက‌တော့ အဲ့လို‌လူတစ်ယောက်ရှိနေတာက သူ့အတွက် အရမ်းအန္တရာယ်များတယ်လို့ ယူဆပြောဆိုပေးကြတာတွေ ရှိပေမယ့် ပထမတော့ သူလည်း အဲ့ဒီဖြစ်ရပ်ကြီးက သူ့ဆီမှာ လာဖြစ်နေတာကို လက်မခံချင်ခဲ့ဘူး၊ အဲ့လိုနဲ့ပဲ တစ်ခုခုမှားနေတာ ဖြစ်လောက်မှာပါဆိုပြီးတော့ စိတ်ပြင်းပြစွာနဲ့ပဲ ငြင်းဆိုချက်တွေ ထုတ်ပြန်နေခဲ့မိသည်။

အဲ့ဒီဖြစ်ရပ်တွေက သူ့ရဲ့သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့တဲ့ အစောပိုင်းလောက်မှာပဲ စတင်လာခဲ့ခြင်း ဖြစ်သည်။ သူ့အကြောင်းတွေနဲ့ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေအပေါ် ဝေဖန်စာအတော်များများကို သူကိုယ်တိုင်ကြားခဲ့ရ၏။ သူက သရုပ်ဆောင်လောကမှာ ရပ်တည်နေတာ ဖြစ်တဲ့အတွက်ကြောင့် သူ့အပေါ် အတွေးအမြင်မျိုးစုံကို လက်ခံရရှိခဲ့ရလေသည်။ အတော်များများကတော့ ကောင်းမွန်ပြီး အကောင်းမြင်စိတ်တွေပဲ ဖြစ်ပေမယ့် အင်တာနက်ရဲ့ မကောင်းတဲ့ဘက်ခြမ်းကတော့ ရှိနေသေးသည်လေ။ သူ့ကိုအားပေးကြတဲ့သူတွေကိုတောင် ရှုံ့ချကြတဲ့ဖိုရမ်တစ်ခု ပြုလုပ်ထားသေး၏။ လူတွေက ကြောက်စရာကောင်းလှတဲ့ စိတ်ပျက်စရာတွေကို ရေးသားနေကြပြီး အကြောင်းပြချက်မရှိ သူ့အား မုန်းတီးနေကြသေးသည်။ သူတို့တွေ မုန်းတီးနေရတဲ့ အကြောင်းပြချက်တွေကတော့ သူပျော်နေရင်လည်း ပျော်နေလို့၊ ဝမ်းနည်းရင်လည်းဝမ်းနည်းနေလို့၊ နောက်ဆုံး သူဖြစ်တည်နေလို့ဆိုပြီး သူ့ရဲ့ဖြစ်တည်မှုကိုတောင် မုန်းတီးကြသူတွေရှိပေသည်။ ပြီးတော့ အဲ့ဒီအကြောင်းတွေ အားလုံးကို ပွင့်ပွင့်လင်းလင်းပဲ ရေးသားပြောဆိုထားကြခြင်း ဖြစ်သည်။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now