အခန်း ၁၇ ပွေ့ဖက်ခြင်း

2.6K 336 1
                                    

Unicode

သွေးသန့်အိုမီဂါလေးအဖြစ် ပြန်လည်မွေးဖွားလာခြင်း
ဘာသာပြန်စာရေးသူ - Lilac M
စာရေးဆရာ- latteectrie
အခန်း 17 - ပွေ့ဖက်ခြင်း

ခန်းမထဲမှာ နေရတာ အဆင်ပြေပေမယ့် တစ်စုံတစ်ယောက်နဲ့ ရောထွေးခြင်း မဖြစ်ချင်တာကြောင့်
ဂျူလီယမ် က တတ်နိုင်သလောက် အမြန်ထွက်သွားလိုက်ပါတယ်
သူဟာ ပန်းဉယျာဉ်ထဲကို မရောက်ခင် အချိန်အထိ
စင်္ကြံလမ်းကို ဖြတ်လျှောက်ခဲ့ပါတယ်

ပန်းခြံက အရမ်းကို တိတ်ဆိတ်နေတယ်
မြက်ခင်းပြင်ပေါ်မှာလည်း ပြန့်ကျဲနေတဲ့ ရှေးဟောင်းမီးပုံးများမှ မီးရောင်တွေလည်း ရှိနေပါတယ်
ဒီမြင်ကွင်းက အတော်လေးကို စိတ်ခံစားမှုနဲ့ ကြည်နူးစရာကောင်းတဲ့ အငွေ့အသက်ကို ပေးစွမ်းပါတယ်
သို့သော်လည်း အခုအချိန်မှာ ဂျူလီယမ်က ဒီ လှပတဲ့ ရှုခင်းကို ခံစားရန် စိတ်မ၀င်စားခဲ့ပေ

အကွေ့အကောက်ရှိသော ကျောက်တုံးလမ်းကို ဖြတ်လျှောက်ပြီး
ရေတွင်းငယ်လေးတစ်ခုနှင့် ပန်းခြံအလယ်မှာ သူထိုင်ပြီး အနားယူနိုင်တဲ့
ခုံတန်းတစ်ခုသို့ ရောက်လာပါတယ်
ဂျူလီယမ် ဟာ အပေါ်မှ ကျောက်တုံးတစ်တုံး ဖိထားသလိုပဲ တုန်လှုပ်သွားပါတယ်
သူ့တစ်ကိုယ်လုံး ပူထူလာပြန်ပါတယ် တကယ်လို့ သူ့ရှေ့မှာသာ မှန်တစ်ချပ်ရှိရင်
ဂျူလီယမ် ဟာ သူ့ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတာကို မြင်လိမ့်မယ်

နောက်တစက္ကန့်တွင် ဂျူလီယမ် ဟာ သူ၏ နှလုံးသားဟာ အဆမတန် တုန်လှုပ်နေကြောင်း ခံစားလိုက်ရပါတယ်

ဒုတ် ...ဒုတ်...ဒုတ်.....

သူ မူးလဲသွားချင်သလို ခံစားလိုက်ရတယ်
"အဲဒါက ငါထင်တဲ့ ဟာလို့တော့ မပြောနဲ့။"

[System - Host ခဏလေး မင်းက အလွန်မတည်မငြိမ်ဖြစ်နေတယ်
မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုနှင့် တည်ငြိမ်မှု လျော့နည်းလာတယ် ။]

ဂျူလီယမ် က စိတ်အေးအေးထားချင်ပေမယ့် အရမ်းနောက်ကျနေပြီ
သူ့နဖူးက ချွေးအေးတွေနဲ့ စိမ့်နေပြီး သူ့ခြေထောက်တွေက သိုးမွှေးတွေလိုပါပဲ။
သူ့နှုတ်ခမ်းတွေကို အုပ်ဖို သူ့လက်ကို အလျင်စလို မြှောက်လိုက်ပေမယ့်
သူ့လက်ချောင်းတွေဆီ ကနေ ဖြတ်သွားတဲ့ ညည်းတွားသံကို သူ မတားနိုင်ခဲ့ဘူး

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now