အခန်း ၁၉ ဘဝရဲ့ လက်တွဲဖော်

2.4K 299 2
                                    

Unicode

သွေးသန့်အိုမီဂါလေးအဖြစ် ပြန်လည်မွေးဖွားလာခြင်း
ဘာသာပြန်စာရေးသူ - Lilac M
အခန်း 19 - ဘဝလက်တွဲဖော်

အဲဒီညက အိုင်ယန် မအိပ်ရဲတော့ပေ
သူ့အစ်ကိုကို ဆေးသောက်ခိုင်းပြီး မရပ်မနား ရေပတ်တိုက်ပေးရတယ်
ဒါပေမဲ့ ဂျူလီယမ် ရဲ့ ခန္ဓာကိုယ် အပူချိန်က ကျဆင်းမသွားခဲ့ပေ

ထိုအဖျားကြောင့် ဂျူလီယမ်ဟာ ပြင်းထန်စွာ ခိုက်ခိုက်တုန်နေခဲ့ပါတယ်
အပူပြင်းလွန်းတာကြောင့် မရေမရာတဲ့ စကားတွေကို ယောင်ယမ်းပြောဆိုနေပါတယ်

မနက်အစောပိုင်းရောက်မှ သူ့တစ်ကိုယ်လုံး အပူတွေ ငြိမ်ကျသွားပါတယ်

နောက်တစ်နေ့တွင် ဂျူလီယမ် နိုးလာတဲ့အခါတွင် အိုင်ယန် ဟာ
တစ်ညလုံး သူ့ကို ပြုစုထားရတာကြောင့် အနားရခြင်းမရှိခဲ့ပေ
တကယ်တော့ သူက ပိုပင်ပန်းသလို ခံစားနေရပါတယ်

မနေ့ကအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဂျူလီယမ်က ဝိုင်သုံးခွက်တည်းသောက်ပြီး
ပန်းခြံထဲမှာ heatဝင်လာတာကိုပဲ မှတ်မိတယ်
အဲဒီနောက်မှာတော့ သူ့စိတ်တွေ လွတ်သွားတယ်

ထိုအခြေအနေမှာပဲ သူဟာ တစ်စုံတစ်ယောက်ကို တွေ့လိုက်ပုံရတယ်
နောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကိုတော့ ဂျူလီယမ် မမှတ်မိတော့ချေ
ထုံးစံအတိုင်း မနေ့ညက ဗီလိန် နဲ့တွေ့ပြီး သူ့ရဲ့ ထူးဆန်းတဲ့ လုပ်ရပ်တွေကို
သူလည်း မသိလိုက်ဘူး။

ဂျူလီယန်၏ မျက်တောင်တွေကို တဖျတ်ဖျတ်ခတ်လိုက်
ပြီးတော့ သူက တိုးတိုးလေးပြောတယ် "မင်း ငါ့ကို အမြဲတမ်း နားထောင်နေတာမလား system "

[System: ဟီး ....ဟီး .]

ဂျူလီယမ်က "မနေ့ညက ဘာဖြစ်ခဲ့တာလဲ?"

[system - ငါမသိဘူး
ငါ လည်း အပူလွန်ကဲသွားလို့ ]

သူ့မျက်နှာကို ရေဆေးချပြီးနောက်၊ ဂျူလီယမ်က အိုင်ယန် ကို အရင်ဆုံး စစ်ဆေးတယ်
မူးလာပြီး heat ဝင်လာလို့ ထူးထူးဆန်းဆန်း လုပ်ခဲ့တာလားလို့ မေးချင်တယ်
သူ အိုင်ယန် ၏ အခန်းထဲသို့ လျှောက်သွားလိုက်ပါတယ်
ကန့်လန့်ကာတွေ ပိတ်ထားပြီး ကုတင်ပေါ်မှာ အဖုကြီးတစ်ခု ရှိနေတယ်
မှန်းဆနေစရာ မလိုပါဘူး
အဲဒီလူက အိပ်ပျော်နေတုန်းပဲ။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now