အခန်း ၂၈ အန္တရယ်

1.9K 243 4
                                    

Unicode

Dominant Omega
Translator - Violet M
အခန်း ၂၈ - အန္တရာယ်
စာရေးဆရာ- latteectrie

ဂျူလီယမ်ဟာ အခုဖုန်းခေါ်ဆိုမှုကို
လုံးဝအဓိပ္ပါယ်မရှိတဲ့ အရာတစ်ခုဟုသာ
သတ်မှတ်လိုက်၏
ဗီလိန်က ဒီနေ့ သူရခဲ့တဲ့လက်ဆောင်ရဲ့
အဓိပ္ပါယ်ကို မပြောတဲ့အတွက်
နည်းနည်းတော့ စိတ်ပျက်သွားမိတယ်

ဂျူလီယမ် သူတကယ်မူးနေပြီဟု ခံစားမိ၏
ကြိုးတွေ တစ်ကြိုးနဲ့တစ်ကြိုး ပွတ်တိုက်သလို
သူ့ခေါင်းက မသက်မသာ
လှိုင်းခတ်နေသလိုမျိုး တရိပ်ရိပ်နဲ့
သူ အပြင်ထွက်ရခြင်းရဲ့ ရည်ရွယ်ချက်က
ပျော်ရွှင်စရာလေးတစ်ခုထက်
မစ်ရှင်တစ်ခုပြီးမြောက်ဖို့ပဲ
ခုတော့ သူအောင်မြင်သွားပြီ

လိုင်းပြောင်းသွားတော့ သူ့အလှည့်ရောက်ပြီ
ဂျူလီယန် အခန်းထဲသို့ ဝင်လာသောအခါ
သူ့လက်ကိုင်ဖုန်းက မြည်လာသည်
အံ့အားသင့်စွာနဲ့ ခုန်မိကာ အော်ဟစ်လိုက်မိ၏

"ဟယ်လို?" ဟု ထိတ်လန့်စွာ ပြန်ဖြေလိုက်တော့

လူးရှပ်စ်က ချက်ချင်းပဲ "မင်းကို ကိုယ် အခု
လာ‌ေခါ်မယ်"

လူးရှပ်စ်သည် တစ်ချိန်တည်းမှာပင်
ငြိမ်သက်ပြီး ခြိမ်းခြောက်သံလည်း
ထွက်ပေါ်လာသည်။

ဂျူလီယမ် ၏နှလုံးခုန်သံဟာ လှုပ်ခတ်နေ၏
"အိုး ! မဟုတ်ဘူး"

[System - မင်းဘယ်မှာနေတယ်ဆိုတာ
မင်း သူ့ကို မပြောခဲ့ဘူးလေ]

ဂျူလီယမ်က တည်ငြိမ်သွားတယ်
"မင်းပြောတာ မှန်တယ်
သူ ငါ့ကို ဒီမှာ ရှာလို့တွေ့မှာမဟုတ်ဘူး"

ဗီလိန်က သူ့ခေါင်းရှုပ်ချင်ယောင်ဆောင်နေတာလို့
သူထင်ခဲ့တယ် ၊ ဂျူလီယမ်က သူ့လက်ကို
ဆေးပြီး မှန်ထဲမှာ သူ့မျက်နှာကို စစ်လိုက်၏
သူ့မျက်နှာဟာ နီမြန်း‌ေနတယ်
ဒါကို အနည်းငယ် အာရုံမစိုက်ဘဲ ကြည့်လိုက်၏

နောက်ဆုံးတွင်  စားပွဲသို့ပြန်လာသောအခါ
အက်တီယမ်က "ငါစိတ်ပူနေတာ
မင်းထွက်သွားတာကြာနေတော့ "

ဂျူလီယမ် က သူ့လက်ကို ဝှေ့ယမ်းပြီး
" Looသွားတဲ့  လမ်းက ရှည်တယ်ဟ "
( T/N Loo means Toilet )

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now