အခန်း ၄၂ နမ်းရှိုက်ခြင်း

1.2K 131 1
                                    

Unicode

သွေးသန့်အိုမီဂါ
ဘာသာပြန်စာရေးသူ - Lilac M
အခန်း 42 - နမ်းရှိုက်ခြင်း
စာရေးဆရာ- latteectrie

ဂျူလီယန်သည် ဗီရိုဆီသို့ ‌‌ ခါးထောက်ပြီး
ညာဘက်နှင့် ဘယ်ဘက်သို့
လှမ်းကြည့်သော်လည်း နောက်ပြန်ကြည့်ဖို့
မေ့သွားသည်။

သူသည် ဗီရိုတံခါးကိုဖွင့်ကာ လူးရှပ်စ်၏
အင်္ကျီတစ်ထည်ကို ကောက်ယူကာ အနံ့ရှုကြည့်လိုက်၏

ဂျူလီယမ် ဟာ လတ်လတ်ဆတ်ဆတ်
လျှော်ဖွပ်ထားသော အဝတ်များ၏ ပုံမှန်ရနံ့ကိုသာ
ရလိုက်၏။ အနက်ရောင်အင်္ကျီပေါ်မှ
သူ့လက်ကို တင်းတင်းဆုပ်ထားကာ
အခြားရနံ့များကို ညှစ်ထုတ်ရန် ကြိုးစား
‌ေသာ်ငြားလည်း သူလိုချင်တာ မရလိုက်‌တာကြောင့်
အတော်လေး စိတ်ပျက်သွား၏

[ System- မင်းရဲ့ စိတ်ကူးယဉ်မှုတွေ ဖော်ပြနေပါတယ် ​​Host]

ဂျူလီယမ်က သူ့အသက်ရှုသွင်းရင်း
ရေရွတ်တယ်- "ဒါဟာ စွမ်းအားစမ်းသပ်မှု
တစ်ခုသာသာပဲ၊ ငါ့ရဲ့စိန်ခေါ်မှုရမဲ့အရာကို တွေ့ပြီ"

[System- ကြည့်လေ ငါပြောနေတာ ဒါပဲလေ ]

ဂျူလီယမ်က သူ့မျက်လုံးတွေကို မှိတ်ထားပြီး
"ငါ ဘယ်တော့မှ အရှုံးမပေးဘူးကွာ
အရေးကြီးတာက ငါနိုင်ဖို့ပဲ!"

သူရှုံးသွားနိုင်တယ် ဆိုတာကို မစဉ်းစားနိုင်တော့ပဲ
လူးရှပ်စ် ရဲ့ pheromones အနံ့က ဘယ်လိုမျိုးလဲ
ဆိုတာကိုသာ သိချင်နေမိ၏

သူ့မျက်လုံးထောင့်ကနေ ထိတွေ့ဖို့
အရမ်းဖိတ်ခေါ်နေတဲ့ အရည်အသွေးမြင့်
စောင်ဖြင့်ခင်းထားတဲ့ ကုတင်တစ်လုံးကို
သူတွေ့လိုက်တယ်

[ System - မင်းတကယ်လုပ်တော့မှာလား ?]

နောက်တစ်စက္ကန့်မှာ ဂျူလီယမ် က ကုတင်ပေါ်
ခုန်တက်ပြီး နှာခေါင်းဖြင့် မွေ့ယာကို နမ်းလိုက်ပြီး
သူ့ရဲ့ ပြင်းထန်တဲ့ အနံ့ခံအာရုံကို
သုံးဖို့ ကြိုးစားနေပါတယ်

တခြားသူတွေရဲ့အမြင်မှာတော့ သူက
ခွေးလေးတစ်ကောင်လိုပင်

လူးရှပ်စ်ဟာ တံခါးဝတွင် ခေါင်းစိုက်မတတ်
မတ်မတ်ရပ်ရင်း ထိုအရာအားလုံးကို မြင်လိုက်ရ၏

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now