အခန်း ၁၆ သောက်မယ်!!

2.5K 316 1
                                    

Unicode

နောက်တစ်ပတ်ရုံးပိတ်ရက်တွင်တော့ အိုင်ယမ်သည် သူ့ညီလေးကို နာမည်ကျော်ကြား၍ ဂုဏ်သတင်းကောင်းကြပြီး သူနှင့်လည်း စီးပွားရေးအဆက်အဆံရှိကြသူများဖြစ်သည့် သူ၏သူငယ်ချင်းတချို့နှင့် မိတ်ဆက်ပေးရန်အတွက် ဧည့်ခံပွဲတစ်ခုကျင်းပရန် ဆုံးဖြတ်ထားသည်။

ထိုဧည့်ခံပွဲနှင့်ပတ်သက်သော သတင်းများမှာ မျိုးရိုးမြင့်အသိုင်းအဝိုင်းကြားတွင် ပျံ့နှံ့သွားပြီး ဂျူလီယမ်၏ ထွက်ပေါ်လာမှုသည် လူအားလုံး၏ စိတ်ဝင်စားခြင်းခံနေရလေသည်။

နောက်ကြောင်းစုံစမ်းထားခြင်းအတွက်လည်း ရလဒ်များ ပေါ်ထွက်လာသည်။ လူးရှပ်စ်သည် လုံးဝ စိတ်မကျေမနပ်နိုင်ဖြစ်နေပြီး သူ့လက်ထဲရှိ စာရွက်စာတမ်းများကို လုံးချေ၍ ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်၏။ ထိုရလဒ်များတွင် သူသိချင်နေသော အကြောင်းအရာများ တစ်ခုမှမပါရှိနေခြင်းကြောင့်ပင် ဖြစ်သည်။

ဆိုဖာတွင်ထိုင်နေသော လူတစ်ယောက်သည် သူ၏မျက်မှန်များကို နှာခေါင်းတစ်လျှောက် ပင့်တင်လိုက်သည်။ သူ၏ပုံပန်းသွင်ပြင်အမူအရာများကိုတော့ မှောင်ရိပ်ကျနေခြင်းကြောင့် မည်သူမျှ မြင်နိုင်စွမ်းမရှိပေ။ ကြွေရုပ်ကဲ့သို့ လှပလှသော လက်တစ်စုံကို ပေါင်ပေါ်တွင် လျော့တိလျော့ရဲ တင်ထားသည်ကိုသာ တွေ့နိုင်၏။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရင်း လက်ကြားထဲရှိ ဆေးလိပ်တိုကိုပါ လှည့်လည်ကစားလိုက်သည်။

သူသည် အိမ်အတွင်းရှိ အိမ်တော်ထိန်းကြီးများကို နှုတ်ဆက်စကားဆိုပြီးနောက်တွင် Baumeဗီလာသို့ ဦးတည်ကာ ကားကို မောင်းနှင်ထွက်ခွာလာခဲ့လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏အိမ်တွင် ဂျူလီယန်သည် System၏အသိအမှတ်ပြုခံရနိုင်ရန်အတွက် ပေါ့ပေါ့ပါးပါးဝတ်စုံတစ်စုံကို ပြင်ဆင်မွမ်းမံကာ ဝတ်ဆင်ထားလိုက်သည်။ သူသည် အဖြူရောင်ဂရပ်ဖစ်တီရှပ်ပေါ်တွင် ကြိုးသိုင်းအနီရောင်ကို ထပ်ကာ ဆေး‌စက်များဖြင့် အလှဆင်ထားသော ဂျင်းဘောင်းဘီနှင့် အနီရောင်ပိုးချည်ဖြင့် ပြုလုပ်ထားသော ဟော်မုန်းတားစက်တို့ကို ဝတ်ဆင်ထား၏။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now