အခန်း ၂၃ ကောင်း‌ေသာညပါ

2.3K 283 2
                                    

Zawgyi

သွေးသန့်အိုမီဂါ
အခန်း ၂၃ - ကောင်းသောညပါ
စာရေးဆရာ- latteectrie
ဘာသာပြန်သူ - Violet M

တကယ်ကြီး သူ‌လေးကို စိတ်ဝင်စားသွားခဲ့ပြီ!
အဲဒီမှာ လူးရှပ်စ်ဟာ သူ့ကိုယ်သူ ဝန်ခံလိုက်ပြီ
သူ့ခံစားချက်တွေကို ဖုံးကွယ်မထားနိုင်တော့ဘူး
အရင်တုန်းက ဒီလိုခံစားချက်မျိုးတစ်ခါမှ
သူ မခံစားဖူးဘူး
ဒီအိုမီဂါလေးက ကြင်နာပြီး အလွန်ဆွဲဆောင်မှုရှိတယ် ပြီးတော့ အံ့ဩစရာကောင်းတယ်ဆိုတာကို
သူတွေ့ရှိခဲ့ပြီ!

လူးရှပ်စ် တစ်ခါတစ်ရံ လူများနှင့်တွေ့ဆုံရန်
အပြင်ထွက်‌လေ့ရှိသော်လည်း ယခုအချိန်အထိ
မည်သူကမှ သူ့အာရုံစိုက်မှုကို ရေရှည်
ဆွဲဆောင်နိုင်ခြင်းမရှိခဲ့ကြပေ
ဂျူလီယမ်က လွဲလို့...

သူ့အနားမှာ အိုမီဂါတစ်‌ယောက်ကိုမျှ
ဘယ်တုန်းကမှ ခွင့်မပြုခဲ့ဘူး။
သို့သော် ဂျူလီယမ်နဲ့ဆိုရင် ဘဝင်မကျလို
ခံစားချက်မျိုး မတွေ့ရဖို့နေနေသာသာ
အလွန်ကျေနပ်မှုကို‌တောင် ခံစားရ၏

သူ့ကို ဆေးစွဲသလိုမျိုး မသိလိုက်ဘဲ
စွဲလန်းသွားအောင် လုပ်လိုက်သလိုပင်
တစ်ဖက်တွင် ဂျူလီယမ်ဟာ ဒီလောက်ထိ အပူတပြင်းဖြစ်နေမယ်လို့ မသိချေ

သူအိမ်ပြန်ရောက်တော့ အိုင်ယမ် က
အလှပြင်ဆိုင်ရှိ ဆိုဖာပေါ်မှာထိုင်ပြီး
သူ့ကိုစောင့်နေတယ်
"မင်းစိတ်လွတ်သွားတာလား !
ဒီအိမ်မှာ ငါတို့မရှိ‌တော့ရင် ကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက်သွားမလဲ မင်းသေသွားနိုင်တယ် !
အဲဒါအန္တရာယ်ရှိတဲ့ အရာတွေကိုတောင်
လုပ်နိုင်နေပြီပေါ့
ဒီလောက်ထိ အန္တရာယ်များနေတာကိုလေ ဟမ့် !!!?"
သူ့အစ်ကိုက နှစ်နာရီကြာအောင်
ဆူပူကြိမ်းမောင်းခဲ့ပြီး ဒီလိုမျိုး
ထပ်မလုပ်တော့ဘူးလို့ ကတိပေးခဲ့လိုက်တယ်
( T/N နှစ်နာရီကြာအောင် နားပူခံလိုရတယ်တဲ့ ဂျူဂျူလေးက...🥺 )
နောက်ဆုံးတွင် သူအိပ်ရာဝင်ခါနီးတွင်
မက်ဆေ့ခ်ျအသစ်တစ်ခုဝင်လာကြောင်း
ညွှန်ပြသည့် အသံဖြင့် ဖုန်းသည် ရုတ်တရက်
အသံမြည်လာသည်။
ဂျူလီယမ် က ဖုန်းကို ကောက်ယူလိုက်ရာ
၎င်းမှာ နိုင်ငံခြားနံပါတ်တစ်ခုဖြစ်ကြောင်း
တွေ့ရှိခဲ့၏
သံသယစိတ်ဖြင့် ဖွင့်ကြည့်လိုက်ရာ
မက်ဆေ့ခ်ျမှာ "ကောင်းသောညပါ " ဆိုတဲ့
စာကြောင်းတစ်ခုပဲ ရှိတယ်
အစကတော့ ဂျူလီယမ်ဟာ အလွန်အိပ်ငိုက်နေသော်လည်း လူးရှပ်စ် ၏ နောက်ဆုံးအမူအကျင့်ကို
ပြန်သတိရသောအခါတွင် သူ၏အိပ်ချင်စိတ်တောင်
လုံးဝ ‌ပျောက်ကွယ်သွားတော့၏
ဂျူလီယမ်သာ ဖန်သားပြင်အား
မမှန်မကန် ခံစားချက်ဖြင့် ဖိဆွဲကာ
ဦးနှောက်ထဲမှာ‌တော့ မည်သို့ ပြန်ကြားရမည်ကို
တွေးနေမိ၏ သို့သော် သူ့လက်က တုန်ခါကာ
ဖျက်သည့်ခလုတ်ကို မတော်တဆ နှိပ်လိုက်သည် ။
မက်ဆေ့ခ်ျ ပျောက်သွားပြီးနောက်
တုံ့ပြန်ခဲ့သည်။ ပြူးကျယ်သော မျက်ဝန်းတစ်စုံဖြင့်
သူသည် ဖုန်းစခရင်ကို စက္ကန့်အတော်ကြာ
စိုက်ကြည့်ကာ ဖုန်းကို ပြတ်ပြတ်သားသား ပိတ်လိုက်ပြီး
ဘေးသို့ ပစ်ချလိုက်၏
ဂျူလီယမ် က သူ့ပြန်စာကို ပြန်မတွေးဖို့ မေ့ထားလိုက်၏
အဲဒီညက သူကောင်းကောင်းအိပ်ပျော်သွားတယ်
နောက်တစ်နေ့၌ ဂျူလီယမ်ဟာ
ရှာဖွေမှု အများဆုံးမှာ ပါဝင်ခွင့်ရရှိရန် ဆန္ဒရှိခဲ့၏
သူ့မှာ ပရိသတ် အခိုင်အမာရှိထားပြီး
လူတွေကလည်း သူ့ကို ထပ်ပြီး ထုတ်လွှင့်ပေးဖို့
တောင်းဆိုကြပါတယ်
တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် တပြိုင်နက်
လူအများအပြား တယောက်ပြီးတယောက်
လာခဲ့ကြသည်။ ထို့အပြင် ဂျူလီယမ်က
မွန်းလွဲပိုင်းတွင် Weibo တွင်တင်ခဲ့ပြီး
ညနေပိုင်း၌ သူနှင့်ပူးပေါင်းရန်
အင်တာနက်အသုံးပြုသူများကို ဖိတ်ကြားခဲ့၏

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now