အခန်း ၂၄ အပန်းဖြေဥယျာဉ်

2.1K 309 0
                                    

Unicode

သွေးသန့်အိုမီဂါလေး
အပိုင်း၂၄ အပန်းဖြေဥယျာဉ်

ကောင်းသောညပါကဲ့သို့သော မက်ဆေ့ခ်ျများသည် ယခုတစ်ပတ်အတွင်း ထပ်ခါတလဲလဲ ရောက်လာနေခဲ့ပြီး ဂျူလီယမ်သည်လည်း အဆက်မပြတ် လျစ်လျူရှု‌ခဲ့သည်။ သူသည် ဗီလိန်ထံမှ ထိုကဲ့သို့သောစာတိုပေးပို့မှုများကို ဘယ်သောအခါကမျှ မရရှိခဲ့သလိုပင် ဆက်လက်ဟန်ဆောင်သွားမည်ဖြစ်၏။

အလုပ်ပိတ်ရက်မရောက်မီ ညနေခင်းတစ်ခုတွင် ရင်းနှီးဟန်ရှိသည့် နံပါတ်စိမ်းတစ်ခုဖြင့် ဖုန်းဝင်လာခဲ့သည်။ ဂျူလီယမ်သည် အသက်ပြင်းပြင်းရှူလိုက်ကာ တုန်ယင်နေသော လက်ချောင်းများဖြင့် ဖုန်းပြန်ဖြေလိုက်သည်။
“ဟယ်လို!?”

ဖုန်းအခြားတစ်ဖက်ဆီမှအသံသည် နက်ရှိုင်းနေပေသည်။
“ဂျူလီယမ်လား?”

ဂျူလီယမ်သည် အလွန်စိတ်လှုပ်ရှားနေပြီး သူ၏မူရင်းအသံကိုပင် မမှတ်မိတော့ချေ။
“အာ? ဟုတ်ပါတယ်! ကျွန်တော်ပါ ”

ထို့နောက် ခေတ္တရပ်နားလိုက်သည်။ သူ၏စိတ်ထဲတွင်‌မူ လုံးဝကို တုန်လှုပ်နေပေသည်။
“မစ္စတာ ဗာလင်တီးနပ်စ်လား?”

လူးရှပ်စ်၏အသံမှာတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေကာ ဆွဲဆောင်မှုပင်ရှိနေသေး၏။
“ကိုယ်မင်းဆီကဘာအကြောင်းပြန်စာမှမရသေးဘူးနော်. တစ်ခါလေးတောင်မှပြန်စာမရခဲ့ဘူးပဲ”

ဂျူလီယမ်၏အသံသည် tonesမြောက်မြားစွာကို ကျော်လွန်ကာ ရုတ်ချည်းမြင့်တက်သွားသည်။
“ကျွန်တော်ရှေ့တစ်ပတ်လုံးခင်ဗျားဆီကဘာစာမှမရခဲ့ဘူးဗျ!”

ဂျူလီယမ်သည် ပြောနေရင်းပင် တွန့်ဆုတ်စွာဖြင့် ပြတ်တောင်းပြတ်တောင်း ဖြစ်သွားသေးသည်။ ထိုအချင်းအရာသည် သူလိမ်ပြောနေခဲ့ခြင်းဖြစ်တာကို ချက်ချင်းပင်သူ့ဟာသူဝန်ခံလိုက်သည်ဟု ရှင်းလင်းစွာဖြင့် မီးမောင်းထိုးပြနေသည်ပဲ မဟုတ်ပါလား?

လူးရှပ်စ်၏နှုတ်ခမ်းများတွင် အပြုံးရိပ်များ ဖြစ်တည်လာ၏။ သူသည် ပုံမှန်ကဲ့သို့ပင် ယဉ်ကျေးပျူငှာစွာ ပြန်ပြောလာသည်။
“အဲ့လိုဆိုရင်တော့အကုန်ကိုယ့်ဘက်ကအမှားတွေပါပဲ”

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now