အခန်း ၄၄ အခွင့်အလမ်း

940 99 4
                                    

Unicode

သွေးသန့်အိုမီဂါ
အခန်း 44 - အခွင့်အ‌လမ်း
စာရေးဆရာ- latteectrie
ဘာသာပြန်စာရေးသူ - Lilac M

နောက်တစ်နေ့နံနက်တွင် ဂျူလီယမ်ဟာ
သူ့ခေါင်းအုံးဘေးရှိ ဖုန်းက မရပ်မနား တုန်ခါလာခြင်းကြောင့် သူ့ကို နှိုးသွားစေ၏
သူ မိုးလင်းသည် အထိ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားတာပဲ

သူက ဖုန်းကို ကောက်ကိုင်လိုက်ပြီး
"ဟယ်လို  ဒါက Julien Baume
မင်းက ဘယ်သူလဲဗျ " လို့ ပေါ့ပေါ့ပါးပါး မေးတယ်

'‌ေကျာ်ကြားမှု ' ကုမ္မဏီက အဆင့်မြင့် ရုံးခန်းထဲရှိ
လူတိုင်းဟာ ၎င်းတို့၏ သူဌေးက သူ၏ အိုမီဂါ
ချစ်သူအသစ်စက်စက်‌ေလးကို ထိုနေရာသို့
ခေါ်ဆောင်လာကြောင်း သိကြသည်။
လူးရှပ်စ်က ဂျူလီယမ် ကို ဘယ်လိုဂရုစိုက်ရမယ်
ဆိုသည့် တိကျတဲ့ လမ်းညွှန်ချက်တွေပေးပြီး
သူ့ရဲ့ကိုယ်ရေးကိုယ်တာလက်ထောက်အသစ်
ဖြစ်တဲ့ လီလီယာဟာ အနာဂတ်မှာ
သူမကို စောင့်မျှော်နေတဲ့ တာဝန်အများကြီးရှိ
တယ်ဆိုတာ သိလိုက်ရ၏

ဂျူလီယမ် သည် ဤအင်တာဗျူးလုပ်ခွင့်ရခြင်းမှာ
အမှန်တကယ်ပင် ၎င်းတို့၏CEOနောက်ကွယ်က
အလုပ်ကြောင့်သာဖြစ်ကြောင်း လီလီယာမှသိရ၏
ကောင်းကင်မှ ပြုတ်ကျလာသော အသားတုံးလေးဟာလက်‌ေထာက်အသစ်၏ခေါင်းပေါ်
ပြုတ်ကျသွားသလိုပါပဲ

ဉာဏ်ထက်မြက်သော အမျိုးသမီးက
"မင်္ဂလာပါ၊ ကျန်မက လီလီယာ အမီတို ပါ
မင်းက အခု ငါ့နာမည်အောက်မှာ
အနုပညာရှင်တစ်ယောက်ပါ။ မနက်ဖြန်
အင်တာဗျူးကို တက်ရောက်ဖို့ 'High Note'
ရေဒီယိုဌာနက မင်းကို ဖိတ်ကြားတာကြောင်ါ
အခုပဲ ဆက်သွယ်လိုက်တာပါ  “

'High Note' သည် မြို့တွင်းရှိ
ထိပ်တန်းအသံလွှင့်ဌာနဖြစ်သည်။
အချိန်တိုင်း၊ သူတို့ရဲ့ ထုတ်လွှင့်မှုတွေကို
Weibo မှာ ခဏအတွင်း ရှာဖွေမှုမှာ
ရေပန်းစားနေတတ်ပါတယ်။
ထိုနေရာမှာ ပါဝင်နိုင်သူများသည်
နာမည်ကြီးကြယ်ပွင့်များ သို့မဟုတ်
နာမည်ကြီး အဆိုတော်များဖြစ်သည်။
ထင်ရှားကျော်ကြားသူများ၏ ကျွမ်းကျင်ပိုင်နိုင်မှုကို
တိုင်းတာရန် အရေးကြီးသော ညွှန်ကိန်းများထဲမှ
တစ်ခုဟု ဆိုလို့ရပါတယ်။
အင်တာဗျူးစာရင်းကို ဖောက်ထွင်းဝင်ရောက်ဖို့
လူတိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်နေကြတယ်။
လီလီယာဟာ ယခင်က သူမ၏
အနုပညာရှင်တစ်ဦးကို အင်တာဗျူးဝင်ရန်
ရပ်နားထားခဲ့သော်လည်း နောက်ဆုံးတွင်
ပယ်ချခံခဲ့ရသည်။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now