အခန်း ၃၇ ဖော်ထုတ်ခြင်း

1.1K 125 0
                                    

Unicode

Dominant Omega
အခန်း ၃၇ - ဖော်ထုတ်ခြင်း
စာရေးဆရာ- latteectrie
Translator - Violet M

ဂျူလီယမ်သည် သူ့ရှေ့ရှိ အနက်ရောင် bentley ကား
ကို ကြည့်ရင်း ရင်းနှီးမှု ခံစားချက်ကို
ခံစားလိုက်ရသည်။ မျက်လုံး‌ေတွကိုမှိတ်ပြီး အသက်ပြင်းပြင်းရှူလိုက်၏

[System : ဘာလို့ ကြန့်ကြာနေတာလဲ မင်း ဗီလိန်ကို တစ်စက်ကလေးမှ မကြောက်တော့ဘူးလား ? ]
ထိုစာကြောင်းက ဂျူလီယမ်၏မျက်နှာကို တည့်တည့်ထိကြီး ဖြတ်ရိုက်လိုက်၏
"ငါ မလုပ်ပါဘူး ငါ့ကိုအလျင်စလိုမလုပ်ပါနဲ့ "

[System: သေချာရဲ့လား?]

ဂျူလီယမ်က " သူဌေး ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာ ငါ မင်းကို ပြမယ် ကြည့်နေ " လို့ပြန်မပြောခင် သူ့လက်တွေကို ပွတ်သပ်ရင်း မသိစိတ်နဲ့ လှည့်ပတ်ကြည့်နေတယ်။

ဂျူလီယမ်သည် ကားထဲသို့ဝင်ရန် တံခါးဖွင့်ကာ
သူ့ကိုယ်သူ သက်တောင့်သက်သာရှိစေဖို့
လှည့်ပတ်လိုက်သည်။ အပြင်ဘက်မှာ
အေးစိမ့်စိမ့်ဖြစ်နေတာကြောင့် သူ့အသံက
အနည်းငယ် မှုန်ဝါးနေသေးသည်
"မင်း ဒီကို ဘာလို့ရောက်နေတာလဲ"

ဂျူလီယမ်သည် ရယ်မောသောလေသံဖြင့်
" ဘယ်လောက် အထီးကျန်ဆန်နေတာလဲ မစ္စတာ ဗလင်တီနပ်စ် !"

လူးရှပ်စ်ဟာ တုန်တုန်ယင်ယင်
ဖြစ်နေသော သူ့နား‌ေလးကို ထိလိုက်ကာ
"မင်းအနားမှာ ရှိနေရင်တော့ ကိုယ် အထီးကျန်‌န‌ေတာ့မှာမဟုတ်ဘူး"

ရှက်ရွံ့စွာဖြင့် Alpha ဟာ ပေါ့ပေါ့ပါးပါး
နှစ်ကြိမ် တိုင် ချောင်းဆိုးလိုက်ပြီး ခေါင်းစဉ်ကို
အမြန်ပြောင်းလိုက်၏
သူက သူ့အသံကို ညင်သာစွာ ဖြေလိုက်ပြီး
"အေးနေလား? မင်းကို ပွေ့ဖက်ထားဖို့ လိုသလား"
လို့ မဝံ့မရဲ မေးလိုက်ပါတယ်

ဂျူလီယမ်သည် လှောင်ပြောင်ရယ်မောဖို့
မတတ်နိုင်ဘဲ "မစ္စတာ ဗလင်တီနပ်စ်
ကျွန်တော်ကို flirtနေတာ ရပ်လိုက်ပါ ခဗျာ "

ဒါကိုကြားတော့ လူးရှပ်စ် ရဲ့ နှလုံးခုန်သံတွေ
တုန်ခါလာတယ်။ သူက မျက်ခုံးပင့်လိုက်ပြီး
ထိုင်နေတဲ့ အနေအထားကို လွယ်လွယ်ကူကူ
ပြောင်းလိုက်တယ်

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Hikayelerin yaşadığı yer. Şimdi keşfedin