အခန်း ၃၈ ဆန္ဒ

1.2K 129 0
                                    

Unicode

သွေးသန့်အိုမီဂါ
ဘာသာပြန်သူ - Violet M
အခန်း ၃၈ - ဆန္ဒ
လူးရှပ်စ် သည် ရှေ့သို့ ဆန့်တန်းကာ ဂျူလီယမ်  ၏ ပါးပြင်ကြီးကို လက်တစ်ဖက်ဖြင့် ဆုပ်ထား၏
ဂျူလီယန် နောက်တစ်ကြိမ် ပူရှိန်းရှိန်းဖြစ်သွားခြင်း၏အကြောင်းအရင်းဟာ အေးမြသောညလေထုနှင့် မသက်ဆိုင်ကြောင်း သိလိုက်ရသဖြင့် အနည်းငယ် တုန်လှုပ်သွားပြန်၏
ဂျူလီယန်၏ မျက်နှာလေးသည် နီရဲဖျော့ဖျော့မှ ပန်းရောင်သို့ ပြောင်းသွားကာ အယ်လ်ဖာက စကားမပြောပဲ
သူ့ကိုစိုက်ကြည့်နေရင်း သူ့မျက်နှာတစ်ဖက်ကို လက်ချောင်းဖြင့် တစ်ချက်ချင်းပွတ်သပ်နေလေ၏

ဂျူလီယမ်၏နှလုံးသားသည် အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်
"မိုးကောင်းကင်က ကြယ်တစ်ပွင့်ကို ခူးဆွတ်ချင်တယ်လို့ မင်းဆန္ဒပြုလိုက်ရင်  အဲဒါကို မင်းအတွက်
ကိုယ်က ယူလာပေးအုံးမှာ ''
လူးရှပ်စ် သည် အနည်းငယ် နီးကပ်စွာ စောင်းငဲ့ကာ လုပ်ကြံမှု ကို ကျူးလွန်နေသလို အသံတိုးတိုးလေးနဲ့ ပြောလိုက်သော်လည်း မည်သို့ပင် ဆိုစေကာမူ အသံကတော့ ကျယ်လောင်နေဆဲ ဖြစ် ၏
"ကိုယ်  မင်းကို အခုပဲ နမ်းချင်တယ်"
သူသည် ဂျူလီယမ် ၏ အောက်နှုတ်ခမ်းပေါ်မှ လက်မကို ပြေးလိုက်သည်။
သူ့နောက်ထပ် စကားက မှန်ကန်တဲ့ တိုးတိုးလေးထွက်လာတယ်- "နမ်းလို့ရမလားဟင် "

ဂျူလီယမ် သည် ထိုလူကို ကြည့်လိုက်သော်လည်း သူ့ကို မျိုချနိုင်သလို ပြင်းပြ ပြင်းရှ သော မျက်လုံးများဖြင့် ဆုံတွေ့ခဲ့၏
ရိုးရိုးသားသားပြောရလျှင် အလွန်ကြောက်စရာကောင်းသော်လည်း ဤအချက်ကိုပင် သူဟာ ကျေကျေနပ်နပ် ကို ခေါင်းညိတ်သဘောတူခဲ့ပါတယ်
ဂျူလီယမ် သတ္တိမဆုံးရှုံးခင် လူးရှပ်စ် ဟာ  ဂျူလီယမ် ၏ ခေါင်းကို ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းများကို ကိုက်ဖြတ်နမ်းရှိုက်လိုက်လိုက်၏
သူတို့၏ ပါးစပ်မှ အပူရှိန်နှင့် အအေးဓာတ်၏ တုန်လှုပ်ခြောက်ခြားမှုတို့ကြောင့် နှစ်ယောက်စလုံး တုန်လှုပ်သွားကြတယ်
အယ်လ်ဖာသည် အိုမီဂါကို ခါးနားသို့ဆွဲယူရာတွင်တော့ အချိန်မကုန်စေဘဲ ရင်ဘတ်များကို တစ်လက်မစီ ခြားထားစေ၏

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now