အခန်း ၃၀ မောနီး

1.8K 215 2
                                    

Zawgyi

သွေးသန့်အိုမီဂါ
ဘာသာပြန်သူ - VioletM
အခန်း 30 - မနက်ခင်း
လူးရှပ်စ် မျက်လုံးဖွင့်လိုက်တာနဲ့ တိတ်ဆိတ်နေတာကြောင့် ခဏတာ စိတ်ရှုပ်သွားတယ်
သူ့ကုတင်ဘေးက နာရီကြည့်တော့ ခုနစ်နာရီထိုးနေပြီ

ဖြည်းညှင်းစွာ လူးရှပ်စ် သည် သူ့ခေါင်းကို လှည့်လိုက်ပြီး အိပ်ပျော်နေသော သူလေးကို မျက်နှာမူလိုက်၏
သူ့မျက်နှာလှလှလေးက ပျော့ပျောင်းနူးညံ့နေတာပဲ

လူးရှပ်စ်သည် အိုမီဂါနှင့်တစ်ခါမှမအိပ်ဖူးဘူး
ဆွဲဆောင်မှုရှိသော လူငယ်လေး၏အနားတွင် နိုးထလာရခြင်းက သူ့အတွက်  အသစ်အဆန်းတစ်လို ဖြစ်နေကာ စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံတစ်ခုသဖွယ်
ရုတ်တရက်ဆိုသလို လူးရှပ်စ် သည် စိတ်ပျက်လက်ပျက်ဖြင့် အိပ်ယာမှထကာ
အားကစားခန်းမသို့ အဝတ်လဲပြီး ပြောင်းလဲလိုက်၏
ဒီပိုလျှံနေတဲ့ စွမ်းအင်တွေကို လောင်ကျွမ်းပစ်ဖို့ လိုတယ်
ချွေးတွေနဲ့ ပြောင်းလဲသွားတော့ သူသည် နောက်ဆုံးအကြိမ် ကောင်းကောင်းအိပ်ပျော်သွားသည်ကို မမှတ်မိတော့ပေ။

လူးရှပ်စ် လေ့ကျင့်ခန်းမှ ပြန်လာသောအခါ ဂျူလီယမ် သည် နောက်ခန်းတွင်
အိပ်ပျော်နေမှန်းသိ၍ စိတ်ရှုပ်သွားသည်။ နိုးလာပြီးရင်တော့  အိုမီဂါလေး
ဘယ်လိုခံစားရမလဲ ဆိုတာကို သူ သိချင်နေမိ၏

ရေခဲသေတ္တာထဲတွင် လူးရှပ်စ် သည် စပျစ်သီးဖျော်ရည်ပုလင်းကိုတွေ့ရှိပြီး ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ဂျူလီယမ်ဟာ သူဝင်သွားသောအခါတွင် အိပ်ပျော်နေသေးသည်၊
သူ၏ဆံနွယ်လေးတွေက  ခေါင်းအုံးပေါ်တွင် ဖြန့်ထားကာ၊ ပုဝါသည် သူ့ခါးအောက်သို့ ချော်ကျပြီး 
ဗိုက်နှင့် သူ့နဖူးတို့ကို ပေါ်လွင်စေသည်
ထိုမြင်ကွင်းသည် လူးရှပ်စ် ၏ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် လှုပ်ယမ်းစေခဲ့၏

နောင်တရစေမယ့် တစ်ခုခုကို မလုပ်ခင် ဒီကနေ ထွက်သွားရမယ်

အလွန်တိတ်ဆိတ်နေပြီး အလင်းရောင်လည်းပျောက်သွားတယ်
ဂျူလီယမ်သည် ဤကုတင်ပေါ်တွင် သက်တောင့်သက်သာရှိပြီး နွေးထွေးမှုရနေတယ်
မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ခဏမျှပင် သူ့ကိုယ်သူ သာယာကြည်နူးနေမိ၏

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now