အခန်း ၁၀ ကိုယ်ထိလက်ရောက် ကျူးလွန်မှု

3.2K 376 3
                                    

Unicode

အခန်း 10 - ကိုယ်ထိလက်ရောက်ကျူးလွန်မှု
အမည်-‌ေသွးသန့်အိုမီဂါ‌ေလးအဖြစ် ပြန်လည်မွေးဖွားခြင်း
မူရင်း စာရေးဆရာ- latteectrie
ဘာသာပြန်စာ‌ေရးသူ - Violet M ( VioletM780)
ဘာသာပြန်စာ‌ေရးသူ - Lienna ( lienna_11 )
နတ်ဆိုးအကြောင်းကိုပြောလိုက်ရင်သူပေါ်လာလိမ့်မယ်။

တစ်ချိန်ထဲမှာပဲ ရွန်ဒီမီယိုရဲ့ အသံသွင်းတာပြီးဆုံးသွားခဲ့သည်။
သူ့ရဲ့ကိုယ်စားလှယ်က တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ သူ့ကိုကြည့်လိုက်ပြီး ပြောလာသည် - “အဲ့ဒီအိုမီဂါက ထပ်ပြီး လူကြိုက်များနေပြန်ပါပြီ”

ရွန်ဒီမီယိုက အေးစက်စက်နဲ့ စွဲမက်ဖွယ်ကောင်းတဲ့ပုံစံမျိုး ဖြစ်ပြီး သူ့ရဲ့ဆံသားအကောက်လေးတွေက ပြီးပြည့်စုံစွာပဲ ချောမောမှုကိုပေါ်လွင်နေစေသည်။ သူ့ရဲ့ဆံပင်ကို ဆော့ကစားတတ်တဲ့အကျင့်က ဒီတစ်ခါမှာတော့ အရမ်းကို မိန်းကလေးဆန်နေသလိုမျိုး ဖြစ်နေလေသည်။
“အဲ့ဒါကမသေခင်အချိန်လေးမှာတိုက်ခိုက်နေသလိုမျိုးနဲ့တူတာပဲ”

ကိုယ်စားလှယ်က အဓိပ္ပာယ်ပါပါနဲ့ပြုံးလိုက်ပြီး ပြောလိုက်လေသည် - “မင်းမှာ နိုရယ်အိုဇိန်း ရှိနေတာပဲ သူနဲ့သာဆိုရင် Hot searchesဖြစ်ဖို့တွေကိုတောင် စိတ်ပူစရာမလိုဘူးလေ”
(T/N - Hot searchesဆိုတာကsocial mediaတစ်ခုခုမှာ နာမည်ကြီးပြီး အသုံးပြုသူ‌တွေက ရှာကြည့်မှုနှုန်းတွေ တစ်ဟုန်ထိုးတက်နေတာကိုပြောတာပါ)

ရွန်ဒဲမီယိုက သူ့နှုတ်ခမ်းတွေကိုဖိကိုက်ပြီး တွေးတောနေလေသည်။ သူ့ရဲ့အတွေးထဲမှာတော့ ဂျူလီယန်က
မီးရောင်အောက်ကို ဖြတ်ခုန်ဝင်လာတဲ့ လူပြက်တစ်ယောက်ပဲ။
အဲ့ဒါကြောင့်စိတ်ပူနေတာမျိုးတော့မဟုတ်ပေမယ့် သရုပ်မှန်ကို ဖုံးကွယ်ထားရတဲ့သူ့အနေနဲ့ကတော့ တခြားအိုမီဂါတစ်ယောက်ကို လူကြိုက်များသွားမှာကို မဖြစ်စေချင်ဘူး။

ရွန်ဒီမီယိုရဲ့ မျက်နှာမှာ ယုတ်မာမှုတွေနဲ့ လွှမ်းခြုံလာလေသည်။
“မင်းကိုလုပ်ခပေးပြီးငှားထားတာလေ! စဉ်းစားဦး! ငါတို့သူ့ကိုတားမှဖြစ်မယ်”

ကိုယ်စားလှယ်ကချောင်းဟန့်လိုက်ပြီး အကြံပေးလာ၏။ “ကောလဟာလတွေလွှင့်ကြည့်မယ်ဆိုရင်ရော?”

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now