အခန်း ၃၉ ဖြုန်းတီးခြင်း

990 115 0
                                    

Zawgyi

သွေးသန့်အိုမီဂါ
စာရေးဆရာ- latteectrie
ဘာသာပြန်စာရေးသူ - Violet M

ထိုညက ဂျူလီယန် လုံးဝ အိပ်မပျော်‌တော့ပေ
Heatကြောင့် ရုတ်တရက် ဖြစ်သွားပြီး သူ့ကို လုံးဝ သတိမထားမိခဲ့
မျက်လုံးမှိတ်ထားလိုက်သည်နှင့် မကြာသေးခင်က
အနမ်းခန်းသည် သူ့စိတ်ထဲတွင် ဗုံးတစ်လုံးလို ပေါက်ကွဲထွက်ပြီး ဝင်ရောက်လာပြန်၏

အစတုန်းကတော့ သူအရမ်းစိတ်လှုပ်ရှားနေတာကြောင့်
နှိုးဆွနေတယ်လို့ ထင်ခဲ့ပေမယ့်
အချိန်ကြာလာတာနဲ့အမျှ သူ့အထင်မှားသွားသည်ကို  သက်သေပြခဲ့တယ်။

မသက်မသာ ခံစားမှုက ဓားထိုးရသလို နာကျင်ခံစားရခြင်း နှင့် ပူလောင်ခြင်း ၊ အရာအားလုံးကို တစ်ပြိုင်နက် ခံစား‌နေရ၏
သူ့ခန္ဓာကိုယ်က သက်သာရာရစေမယ့်
အရာတစ်ခုလိုအပ်နေတယ်
လွတ်လွတ်လပ်လပ်နဲ့ကို တတ်နိုင်သမျှ
အမြန်ဆုံးဖြည့်ဆည်းပေး‌စေဖို့ တောင်းဆိုနေတယ်။

ဂျူလီယမ်သည် ဆေးသောက်ခဲ့သော်လည်း
ခဏတာမျှသာ သူ့ကို နှစ်သိမ့်စေခဲ့၏
ရေသောက်သော်လည်း ရေငတ်ခြင်းကို
မငြိမ်းစေဘဲ ခြောက်သွေ့မှာကိုသာ သက်သာစေပြီး
သူ၏ဆန္ဒကို နက်ရှိုင်းစေပါသည်။
စိတ်ပျက်လက်ပျက်ဖြင့် ဝိုင်ပုလင်းကို
ရှာတွေ့ခဲ့တာကြောင့် မော့ချလိုက်၏

ဒါပေမယ့် ဝိုင်က သူ့မျှော်လင့်ချက်ကို
ဖြည့်ဆည်းမ‌‌ပေးနိုင်‌ချေ
‌ဝိုင်ထဲမှာ ထူးခြားဆန်းပြားသောအမွှေးအကြိုင်များ၊ အနက်ရောင် ချယ်ရီသီးဖျော်ရည်များ၊
ခရမ်းရောင်နှင့် သစ်သားမွှေးများဖြင့်
ပြုလုပ်ထားသော်လည်း အမွှေးရနံ့များက
အံ့သြစရာဖြစ်‌ပေ၏
ချိုမြသောအနက်ရောင်အသီးအနှံများက သူ့၏အာခေါင်ကို လတ်ဆတ်နေသေးသည်။
ဝိုင်ကောင်းမှန်းသိသာပေမယ့်
အရက်သောက်တာက သူ့ကို
စိတ်အနှောက်အယှက်ဖြစ်စေတယ်၊ ​​အဲဒါက
သူလိုချင်တာမဟုတ်ဘူး!

သူက ပုလင်းကို နံရံကို ပစ်လိုက်တာ‌ကြောင့်
ဖန်ခွက်လို အပိုင်းပိုင်းကွဲသွားတယ်။

ဂျူလီယမ်၏အသံသည် တုန်လှုပ်သွားသည်-
"ဒီဝိုင် ဘာပြဿနာရှိလို့လဲ"

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now