အခန်း ၂၂ ရင်တုန်ခြင်း

2.2K 266 0
                                    

Unicode

မီနိုတို့နှင့်နှုတ်ဆက်ပြီးနောက်တွင် လူးရှပ်စ်သည် ကားရှေ့ထိုင်ခုံဘက်ရှိတံခါးကို ဖွင့်ပေးလာကာ ပေါ့ပါးစွာဖြင့် ပြောလာသည်။
"သွားကြမယ်လေ..ကိုယ်မင်းကိုပြန်လိုက်ပို့ပေးမယ်"

ဂျူလီယန်သည်လည်း သေချာပြန်ထ,ရပ်လိုက်၏။ သို့သော် သူ၏အကြည့်များကိုမူ မြေကြီးဆီသို့ပင် ပို့ထားလေသည်။
"ရတယ်..."

သူပြန်ပြောလို့မပြီးသေးခင် တစ်စုံတစ်ယောက်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ကြားဖြတ်ကာဝင်ပြောလာပြန်၏။
"ကိုယ်ပြန်လိုက်ပို့ပေးမှာ.."

လူးရှပ်စ်၏အသံအနေအထားသည် မည်သို့သော ငြင်းဆိုမှုမျိုးကိုမဆို လုံးဝခွင့်မပြုနိုင်သည့် အသံမျိုး ဖြစ်နေပေသည်။

ကားသည်နေရာမှ တဖြည်းဖြည်းချင်း မောင်းထွက်သွား၏။ လမ်းဆုံ‌မီးပွိုင့်တစ်ခုတွင် ရပ်စောင့်နေရင်း လူးရှပ်စ်သည် အိုမီဂါလေး၏ဖုန်းကို မတော်တဆ တစ်ချက်ကြည့်မိသွားရင်း GPSဖွင့်ထားသည်ကို သတိထားမိသွားသည်။
"ကိုယ်ဒီလမ်းတွေမှတ်မိပါတယ်"

ဂျူလီယန်သည် ခေါင်းမော့ကြည့်လာပြီး -
"ကျွန်တော်ဘယ်နေရာရောက်နေလဲဆိုတာကိုသိထားဖို့ကတော့ အရေးကြီးတာပဲလေ"

လူးရှပ်စ်၏ မျက်လုံးထောင့်မှ မြင်နေရသော ဂျူလီယန်သည် အခွံတစ်ခုအတွင်းသို့ သူ့ကိုယ်သူ ကျုံ့ဝင်နေသည့်ပုံစံလေးဖြင့် လူးရှပ်စ်ကိုရှောင်ရှားနိုင်ရန် ဆက်တိုက်ကြိုးစားနေသည်ကို လူးရှပ်စ်သည်ပင် သတိပြုမိသွားသည်။ ဂျူလီယန်၏ အတည်ကြီးသူ့အားရှောင်ခွာချင်နေသည့်ပုံကို တွေ့လိုက်ရပြီး မသိမသာပြုံးကာ ခေါင်းကိုပင်ခါရမ်းမိလိုက်၏။

ရုတ်တရက်ပင် လူးရှပ်စ်သည် ထိုအိုမီဂါလေးကို စနောက်ချင်စိတ်များ ဖြစ်ပေါ်လာရသည်။ သူသည် ကောင်ငယ်လေး၏မျက်နှာတွင်ထင်ဟပ်နေသော သူ့အားရှောင်ပြေးချင်နေသည့် ထိုခံစားချက်များ ပို၍များပြားလာသည်ကို တွေ့မြင်ချင်နေမိပြီး ဤကဲ့သို့သော စိတ်ထက်သန်မှုမျိုးသည် သူ့ဘဝတစ်လျှောက်လုံးတွင် မဖြစ်ပေါ်ခဲ့ဖူးချေ။ လူးရှပ်စ်သည် ကားကို လမ်းသွယ်တစ်ခုထဲသို့ မောင်းနှင်ချလိုက်ပြီး ကောင်ငယ်လေးအား လှည့်ကြည့်ရန် ကားကိုရပ်လိုက်သည်။ ဂျူလီယန်သည်ခေါင်းလှည့်လာပြီး အလွန်အန္တရာယ်များသည့် အခြေအနေသို့ ကျရောက်နေသည့် ကျောရှိဆူးများထောင်ကာ အသင့်ရှိနေသော ဖြူကောင်လေးတစ်ကောင်ကဲ့သို့ သတိချပ်စွာဖြင့် အယ်လ်ဖာအား လှမ်းကြည့်လာသည်။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now