အခန်း ၈ မထင်မှတ်ထားသော တွေ့ဆုံမှု

3.4K 396 1
                                    

Unicode

ဂျူလီယန်က အေးအေးဆေးဆေးပဲ သူ့အချိန်တွေကို ကုန်ဆုံးလျက်ရှိပြီး ပိတ်ရက်တွေမှာဆိုရင်တော့ ကလပ်ကိုသွားပြီး ‌ဖျော်ဖြေလေ့ရှိသည်။ အဲ့ဒီဖျော်ဖြေပွဲတွေကြောင့် သူ့ရဲ့ပရိသတ်တွေ ပိုပိုပြီး များပြားလာလေသည်။

ဒါပေမယ့် ဂျူလီယန်ကတော့ အဲ့ဒါနဲ့ပတ်သက်ပြီး ပျော်ရွှင်နေခြင်းမျိုး လုံးဝမရှိပါဘူး။ သူက အက်တီယမ်နဲ့ သူငယ်ချင်းဖြစ်ချင်လို့ ဖျော်ဖြေရေးတွေကို စလုပ်ဖြစ်ခဲ့တာပဲဖြစ်တဲ့အတွက် အခုချိန်မှာ နောက်ထပ်ဖျော်ဖြေရေးတွေ ဆက်လုပ်စရာမလိုတော့ဘူးလို့ တွေးနေမိလေသည်။

စနေနေ့ဖျော်ဖြေရေးတွေပြီးသွား‌တဲ့နောက်မှာ ဂျူလီယန်က သူ့သူငယ်ချင်းကို အကျိုးအကြောင်း ပြောပြလိုက်သည်။
“ဒါက ဒီနေရာမှာ မင်းနဲ့အတူသီချင်းဆိုတဲ့ နောက်ဆုံးအကြိမ်မရောက်ခင်‌ရှေ့တစ်ကြိမ်ပဲ။ အားနာပါတယ်ကွာ ငါဒီဟာကိုလက်လျှော့လိုက်တော့မယ်။”

အက်တီယမ်ကတကယ့်ကိုအံ့ဩသွားသည်။
“မင်းတကယ်ကြီးလား?”
“ဟုတ်တယ်”
ဂျူလီယန်ရဲ့အသံက အရင်ကထက်ပိုပြီး ယုံကြည်မှုရှိနေပေသည်။

အက်တီယမ်ကနှုတ်ခမ်းဆူသွားပြီး သူ့မျက်လုံးလေးတွေကလည်း ညှိုးညှိုးငယ်ငယ်လေး အချိန်တစ်ခုအထိ ဖြစ်နေလေသည်။ ဂျူလီယန်က သူ့ကိုပေါ့ပါးစွာနဲ့ပဲပြောလိုက်သည်။
“မင်းနောက်ကျငါ့အကူအညီလိုလာရင်တော့ အားနာမနေနဲ့နော်။ မင်းငါ့ကို အကူအညီ မတောင်းတော့ဘဲမနေဖို့ မျှော်လင့်တယ်။ ငါရပ်လိုက်တာက ငါတို့ရဲ့ခင်မင်မှုကို ထိခိုက်သွားတာမှ မဟုတ်တာ”

အက်တီယမ်က စိတ်တော့ညစ်သွားတာပေါ့။ ဒါပေမယ့် သူကသူ့သူငယ်ချင်းရဲ့ ဆုံးဖြတ်ချက်ကို အလေးထားသည်လေ။
“ဒါပေါ့ ငါအဲ့လိုဖြစ်မသွားပါဘူး။ ပြီးတော့ မင်းအကူအညီကိုတော့ မကြာခင်ဖြစ်ဖြစ် နောက်ကျရင်ဖြစ်ဖြစ် လိုလာတော့မှာလို့ ထင်နေတယ်။”

သူကအနည်းငယ်လောက်အသံတုန်ပြီးစကားထစ်သွားတဲ့အတွက် အကြည့်တွေကို အောက်ပို့ထားလိုက်သည်။
“အင်း အမှန်တော့ မင်းရဲ့အကူအညီကို အခုပဲ တစ်နေရာရာမှာ သုံးလိုက်လို့တော့ရတယ်”

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now