အခန်း ၁၂ လွှမ်းမိုးနိုင်စွမ်း

2.9K 333 5
                                    

Unicode

Systemကသူ့ရဲ့အတိတ်ဘဝအကြောင်းအမှန်ကို သိရှိထားပြီးတော့ သူယုံကြည်ရတဲ့တစ်ခုတည်းသောအရာလည်း ဖြစ်၏။ သူတို့က သူငယ်ချင်းတွေလို့ထင်ရပေမယ့် သူငယ်ချင်းမဟုတ်ကြတဲ့သူတွေပါပဲ။

Systemကလူသားတစ်‌ယောက်လည်းမဟုတ်သလို ဘာအသိစိတ်မှမရှိတဲ့စက်ပစ္စည်းတစ်ခုလည်း မဟုတ်ဘူး။ စိတ်ချင်းဆက်သွယ်တဲ့နည်းပညာနဲ့ အသိဉာဏ်အတုတို့ကို ပေါင်းစပ်ပြီး တီထွင်ပြုလုပ်ထားခြင်းဖြစ်သည်။ အဲ့ဒီလို ကိုယ်ရေးကိုယ်တာလက်ထောက်မျိုးကို OmegaSense 5.0 လို့သုံးနှုန်းခေါ်ဝေါ်လေ့ရှိကြ၏။

ဂျူလီယန်ထပ်ပြီးရှာဖွေသိရှိထားတဲ့တစ်ချက်က Systemတွေကခံစားချက်တွေဖြစ်ပေါ်လာနိုင်စွမ်း သို့မဟုတ် ခံစားချက်တွေကိုထုတ်ဖော်ပြသနိုင်စွမ်းအထိရှိပါတယ်တဲ့။ ဒါပေမယ့် သူတို့ကိုယ်တိုင် အဲ့ဒီခံစားချက်တွေကို နားလည်နိုင်စွမ်းတော့ မရှိကြပါဘူး။ တစ်ခါတစ်လေ သူတို့ပြောဆိုပုံတွေကရက်စက်တယ်လို့ခံစားသွားရစေနိုင်ပေမယ့် တကယ်ကတော့ သူတို့လည်း နာကျင်သွားစေဖို့ရည်ရွယ်ပြီး ပြောလိုက်ခြင်းတော့မဟုတ်‌။

ဂျူလီယန်က သူ့မှာSystemကိုဖျောက်ဖျက်ရပ်ပစ်ဖို့ အခွင့်မရှိမှန်းကိုလည်းသိထားသည်။ ဒါပေမယ့် အဲ့ဒီမှာ သူ့အတွက် လုပ်ကိုလုပ်ရမယ့် တာဝန်တွေ ဥပမာအားဖြင့် ဆုပေးဒဏ်ပေးစနစ်တွေ အရမ်းကြီးမရှိသေးတာကြောင့်မလို့
ဂျူလီယန်က သူကိုယ်တိုင်နဲ့Systemတို့ ချိတ်ဆက်ထားရတယ်ဆိုတာကို စိတ်ထဲတောင်မရှိဘူးပေါ့။
ဒီလိုမျိုးကူးပြောင်းလာရတဲ့ဖြစ်စဉ်တစ်ခုလုံးက ရုပ်လွန်ပညာရပ်တစ်ရပ်လိုမျိုးနဲ့ပဲ ဆင်တူပါတယ်။ ဘာကြောင့်သူရွေးချယ်ခံလိုက်ရလဲဆိုတာက အရေးမကြီးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နေ့တစ်နေ့အဆုံးသတ်သွားရင်တောင် သူရှေ့ဆက်လျှောက်လို့ ရနေဦးမှာပါပဲ။

Systemနဲ့ဆက်သွယ်နိုင်ဖို့အတွက်ဆိုရင် သူပါးစပ်နဲ့ထုတ်ပြောဖို့တောင် မလိုပါဘူး။ စိတ်ထဲကနေပဲ ပြောလို့ရနိုင်သည်လေ။
"အမျိုးသားဇာတ်ဆောင်(နိုရယ်)က ငါ့ရဲ့အကိုကြီးလိုမျိုး ပြုမူနေတာကိုသာ အဓိကဇာတ်ဆောင်(ရွန်ဒီမီယို)သိသွားရင် ဘယ်လိုဖြစ်သွားမယ်ထင်လဲ?"

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now