အခန်း ၃၁ မနက်စာ

1.4K 185 7
                                    

Unicode

Dominant Omega
Chapter 31 - မနက်စာ
Author:latteectrie
ဘာသာပြန်သူ - Violet M

လူးရှပ်စ်ဟာ သွားတွေပေါ်အောင်ရယ်ရင်းနဲ့
အိုမီဂါလေးရဲ့ ရင်အုံကို အထက်အောက်စုံ
ကြည့်လိုက်ပြီး နှုတ်ခမ်းဖူးဖူးလေးကို
အကြည့်ရောက်သွားလေ၏

ဂျူလီယမ်ရဲ့ နှလုံးခုန်သံဟာ တစ်စတစ်စ နဲ့
ကြိမ်နှုန်းတွေများပြာလာတယ်

ဒုတ်..ဒုတ် ....ဒုတ်..-

လူးရှပ်စ်ဟာ တစ်ဖက်သို့ ဆတ်ခနဲ လှည့်လိုက်ကာ
သွားတွေပေါ်အောင် ရယ်ရင်း " နောက်ငါးမိနစ်ဆိုရင် မနက်စာ အဆင်သင့်ဖြစ်ပြီ ကိုယ် ရေသွားချိုးလိုက်အုံးမယ် "
ထိုလူသားက ရေချိုးခန်းဆီ ဦးတည်သွားကာ တံခါးကို ပိတ်လိုက်၏

ဂျူလီယမ်ဟာ ထိန်းချုပ်ထားသမျှအားလုံးကို အသက်ပြင်းပြင်း ရှူထုတ်လိုက်၏
သူ့ရဲ့ ရနံ့တွေက ထိန်းချုပ်ပစ္စည်းအောက်မှာ
မြင့်တက်လာတယ်
မျက်နှာတွေနဲ့ နှုတ်ခမ်းတို့ကို ထိလိုက်တော့
သူတုန်လှုပ်သွားတယ်
ပူရှိန်းပူရှိန်းနဲ့ နေမသိထိုင်မသာဖြစ်သလိုနဲ့
ရှက်ကိုးရှက်ကန်းဖြစ်သလိုမျိုး ခံစားလိုက်ရ၏
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီခံစားချက်ကို သူနားမလည်ပြန်ဘူး

ဂ‌ျူလီယမ်ဟာ နူးညံ့ပြီး သက်တောင့်သက်သာရှိသည့် ‌အိပ်ယာတွေပြန်လှဲနေလိုက်၏.
ဗီလိန်က အရမ်းခက်ခဲပြီး ရှုပ်ထွေးစရာကောင်းတာပဲ
သူက ဗီလိန်တစ်ယောက်လိုလည်း မတူပြန်ဖူး
သို့သော်လည်း သူက စာအုပ်ထဲက မင်းသားတစ်ပါးနဲ့တူတယ်
လူးရှပ်စ်က သူအန္တာရယ်ရှိနေရင်
အမြဲတမ်းရောက်လာတယ် သူ့ကို
အရမ်းဂရုစိုက်လွန်းတာ ဘာကြောင့်လဲမသိဘူး
သူ့ကို အသုံးချချင်လို့များလား ဒါမှမဟုတ်ရင်
တစ်ခုခုလိုချင်လို့လား

သူ့မှာ အချိန်အများကြီးရှိတယ် ထိုသို့သာ
တွေးလိုက်ပြီး အနာဂတ်မျှော်လင့်ချက်တွေကို
စွန့်လွှတ်လိုက်တာက ပိုကောင်းပါတယ်လေ
သူက ပစ္စုပ္ပန်တွင်သာ နေထိုင်ပြီး နောက်ဆုံးမှာတော့
ဗီလိန်အစစ်အမှန်က ဘယ်သူလဲဆိုတာ သိရမှာပဲလေ

ဒါပေမယ့် သူလိုချင်တဲ့ နောက်တစ်ခုက...

ဒီအချိန်က လွတ်မြောက်ဖို့ အကောင်းဆုံးအချိန်ပဲ
ဂျူလီယမ်သည် အိပ်ယာမှထကာ
သူ့ဂျင်းဘောင်းဘီကို အရူးအမူးရှာနေ‌ေလ၏။
လူးရှပ်စ် သည် စိုစွတ်ပြီး ပြောင်လက်တောက်ပနေသော ရေချိုးခန်းမှ ထွက်လာသောအခါတွင် ခြေထောက်ဗလာနဲ့ ခါးမှာပတ်ထားသည့်
မျက်နှာသုတ်ပုဝါတစ်ထည်သာ ရှိ၏

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now