အခန်း ၁၅ ပြောင်းလဲမှု

2.4K 328 1
                                    

Unicode

အခန်း 15 - ပြောင်းလဲမှု ...
စာရေးဆရာ- latteectrie
ဘာသာစာရေးသူ - Lilac M

နောက်တစ်နေ့တွင် ဂျူလီယမ် နှင့် အိုင်ယမ် တို၏ အကြောင်းအရာများသည်
တစ်ချိန်တည်းမှာပဲ ဖိုရမ်များပေါ်တွင် ပေါ်လာသည်
သူတိုနှစ်ဦး၏ပုံသည် အင်တာနက်ပေါ်တွင် မုန်တိုင်းထန်သွားသည်

အဓိက ဝဘ်ဖိုရမ်များနှင့် မီဒီယာများသို့ မီးက ကူးစက်သွားသည်အထိ
လူတွေ ပိုများလာခဲ့သည်။

နေ့ခင်းဘက်မှာတော့ မီဒီယာ ချန်နယ် လိုင်းတွေက လူကြိုက်များတဲ့
သတင်းတွေကို ထုတ်လွှင့်နေပါသည်
သူတိုအနက်မှ ထိုသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုထားတဲ့ အမှန်တရားအဖြစ်
မည်သူမျှ မပြောဆိုနိုင်သော်လည်း သူတို့၏ ဆက်ဆံရေးအကြောင်းကို မှန်းဆကြသည်။
ဒီအကြောင်းအရာသည် နေရာတိုင်းမှာ ပိုမိုအာရုံစိုက်လာပြီး ခေတ်စားလာခဲ့သည်။

အရင်တုန်းက အိုင်ယမ် နှင့် ကောလာဟလတွင် ပါဝင်ပတ်သက်ခဲ့ဖူးကြသည့် သူတွေရဲ့
အမည်များကို ဂျူလီယမ်၏ အချက်အလက်အပေါ် ဆွေးနွေးပွဲကြီးတစ်ခုအဖြစ်
ထည့်သွင်းစဉ်းစားခဲ့သည်။

ရင်သတ်ရှုမောဖွယ်ကောင်းတဲ့ ခေါင်းစဉ် တစ်ချို့ကတော့ .............

'စီးပွားဖြစ်အိမ်ခြံမြေဘုရင်ကြီး၏ နောက်ဆုံး အရှုပ်တော်ပုံ ချစ်သူ'

'အံ့သြစရာသတင်း အိုမီဂါကို Ioan Baume က ထိန်းသိမ်းထားတယ် '

' အိမ်ခြံမြေရောင်းဝယ်ရေးဘုရင်နှင့် သူ၏အစောင့်အရှောက်လေးအိုမီဂါ!'

ဂျူလီယမ်သည် လူအများ၏ တုံပြန်မှုနှင့် မှတ်ချက်များကို ကြည့်ရှုသည့်
လေ့လာသူအဖြစ်သာ ရွေးချယ်ခဲ့သည်။ ဒီတစ်ခါတော့ လူတိုင်းက ဒီသတင်းကို မယုံကြည်ကြပေ

[အိမ်သာသုံး စက္ကူလူသား : အဲဒါ ငါပဲလား ဒါမှမဟုတ် သူတို့ က ပုံတူနေတာလား ?
ဒီအိုမီဂါသည် သူ့အတွက် မိန်းမဆန်တဲ့ ပုံစံပဲ ]

( T/N နာမည်လေးက အဆန်းနော် သန့်စင်ခန်းသွားလို့
စက္ကူလိုရင် သူ့ဆီက တောင်းလိုက် ...)

[မနက်ခင်းကော်ဖီလေး ; +1 သူတို့က ညီအစ်ကို ဒါမှမဟုတ် တစ်ခုခုပဲ
သြဇာကြီးတဲ့သူတစ်ယောက်က ဒီလိုအကျင့်ပျက်တဲ့ အခြေအနေမျိုးမှာ ပါနေဖို့ဆိုတာ ယုံကြည်ဖို့ခက်တယ် ...]

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now