အခန်း ၁၈ မှတ်ညဏ်

2.6K 305 3
                                    

Unicode

ဂျူလီယန်သည် တစ်ခါတစ်ရံတွင် ခေါင်းကိုက်စရာကိစ္စများ ခေါ်ဆောင်လာတတ်သော်လည်း ယခုကဲ့သို့ အိမ်အပြင်ဘက်တွင် တစ်ယောက်တည်းရှိနေချိန်မျိုး၌ ထိန်းထိန်းသိမ်းသိမ်း မရှိသော အခြေအနေမျိုးအထိ ဖြစ်နေစရာအကြောင်းမရှိတာကို အကိုကြီးဖြစ်သူ အိုင်ယမ်က နားလည်မိပြီးဖြစ်သည်။

လူးရှပ်စ်သည် ခေါင်းကိုငုံ့ညွှတ်ကာ အိုင်ယမ့်အား တောင်းပန်စကားဆိုလာလေသည်။ သူ၏မျက်နှာအမူအရာများမှာတော့ အနည်းငယ် တောင့်တင်းနေပေသည်။
"ငါတောင်းပန်ပါတယ်..ဒီကိစ္စမှာတကယ်ပဲငါမှားတာပါ..ဒါပေမယ့် ကျေးဇူးပြုပြီး ဒီလိုအခြေအနေမျိုးနဲ့ တွေ့လိုက်ရတာကြောင့်မလို့တော့ အထင်မလွဲလိုက်ပါနဲ့"

အိုင်ယမ်၏ မျက်ခုံးများသည် အလွန်ပင် နားမလည်နိုင်စွာဖြင့် တွန့်ချိုးသွားသည်။

ဂျူလီယမ်သည် သူ၏အကိုဆီသို့ အလွန်ရိုးသားသော အကြည့်များဖြင့် လှမ်းကြည့်နေရှာ၏။ သူသည် ခေါင်းကို ရမ်းခါလိုက်သော်လည်း ယခုအချိန်တွင်တော့ အလွန်အမင်း မူးဝေနေကာ သူ၏အသိစိတ်များမှာလည်း ကောင်းကင်ပေါ်တွင် မျောလွင့်နေကြပြီပင် ဖြစ်သည်။

ဂျူလီယမ်၏ လက်နှစ်ဖက်စလုံးသည် လူးရှပ်စ်၏ လက်မောင်းထံတွင် မလွှတ်ပေးချင်တော့သလိုပင် တင်းကြပ်စွာ ဆုပ်ကိုင်ထားကြ၏။ ထိုကဲ့သို့သောအချိန်မျိုးတွင် အိုမီဂါလေး၏ ကပ်တွယ်နေမှုနှင့် မှီခိုအားထားမှုတို့ကို မျက်မြင်တွေ့လိုက်ရသောအခါ လူးရှပ်စ်သည်ပင် အံ့အားသင့်သွားရလေသည်။ သို့သော်လည်း တစ်ချိန်တည်းတွင် သူ၏နှလုံးသားအား ငှက်မွှေးလေးတစ်ချောင်းက လာရောက်ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ နှလုံးတစ်နေရာရာမှ ယားယံနေသလိုမျိုး ဖြစ်သော်လည်း ထိုခံစားချက်သည် သူ့အား မဖော်ပြနိုင်သည့် စိတ်ကျေနပ်မှုမျိုးကို ပေးစွမ်းနေပေသည်။
(T/N: Lတို့ရဲ့လူးရှပ်စ်ကြီးတော့ ဂျူလီလေးကို အူယားနေ‌ပါပြီ ဒါတောင် အကောင်ပေါက်က သူ့ဘာသာသူ မူးနေရုံပဲ ရှိသေးတာနော် 😂😂)

သို့သော်လည်း တစ်ဖက်သူအတွက်တော့ ဂျူလီယမ်၏ အပြုအမူများသည် အတော့်ကို ထူးဆန်းနေပေသည်။ အိုင်ယမ်သည် သူ၏ညီကို လူးရှပ်စ်၏လက်မောင်းများကြားဆီမှ ဆွဲယူကာ သူတစ်ကိုယ်တည်း မတ်တပ်ရပ်နိုင်အောင် ကူညီပေးဖို့အတွက် ကြိုးစားလိုက်သည်။ သို့သော် သူသည် တစ်ခုခု မူမမှန်ဖြစ်နေသည်ကို သတိထားမိသွား၏။ ထိုအခြေအနေတွင် ဂျူလီယမ်၏မျက်နှာသည် နီမြန်းနေကာ မျက်လုံးများမှာလည်း မျက်ရည်များဝေ့နေပြီး အနည်းငယ်နီနေကာ အကြည့်များမှာ ရီဝေဝေဖြစ်နေပေသည်။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now