အခန်း ၄၃ ခွေး

1.1K 123 3
                                    

Unicode

သွေးသန့်အိုမီဂါ
အခန်း 43 - ခွေး
စာရေးဆရာ- latteectrie
ဘာသာပြန်စာရေးသူ - Lilac M

လူးရှပ်စ် ၏ အမူအရာ တင်းမာသွားသည်။

ဂျူလီယမ်  က အခု သူ့ကို ဘာပြောလိုက်တာလဲ ?

သူ့အကြည့်က ဂျူလီယန်၏မျက်နှာဆီသို့ တစ်ဖန်ပြောင်းသွားပြီး လက်တစ်ဖက်ကို မြှောက်လိုက်၏
ဂျူလီယမ် သည် လူးရှပ်စ်က သူ့ ရဲ့ မိတ်ဖက်ဖြစ်မဖြစ်ကို ရှာဖွေရန်က လွဲပြီး ဘာမှမတွေးတောတော့ဘဲ
စကားတွေအများကြီး ပြောနေခဲ့ပါတယ်
လွှမ်းမိုးနိုင်စွမ်းရှိသည့်  အယ်ဖာရဲ့ pheromonesတွေကို အနံ့ခံလျှင် ရမည့် အကျိုးရလဒ်ကို  ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ ပေ။ ထိုအယူအဆမှားတာက  ဤလောကမှာ
သူ့အတွက် ဆန်းကြယ်သည်ဟု ခံစားခဲ့ရတယ် ဒါ့အပြင် လွန်ခဲ့သောတစ်ရက်လောက်က
သူ့သူငယ်ချင်းဆီက  ပြောပြတဲ့ အချက်အလက်အချို့ကို အလွန်အမင်း အားကိုးမိခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်
လူးရှပ်စ် သည်  ဂျူလီယမ် ၏ အပြစ်ကင်းစင်သောအမူအရာကို တစ်ချိန်လုံး တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး
သူ့ အိုမီဂါလေးက အဘယ်ကြောင့် သူ့ရနံ့ကို မထုတ်တာကို မသိရတာလဲ ?
တစ်ဖက်သား၏ နှုတ်ခမ်းတစ်စုံကတော့  တစ်စုံတစ်ခုအတွက် သူ့အား အပြစ်တင်နေသကဲ့သို့
အနည်းငယ်ဆူပုတ်နေပါတယ်

လူးရှပ်စ် က သူ့မျက်လုံးထဲက မှောင်မိုက်နေသည့် စိတ်ခံစားချက်ကို ဖယ်လိုက်ပြီး
"မင်း ကိုယ့် ကို လုပ်စေချင်သလား?"

သူ့ပုံစံက တည်ငြိမ်နေသော်လည်း နက်မှောင်သောမျက်ဝန်းတစ်စုံကိုမြင်လိုက်ရသောအခါ
ဂျူလီယမ် နှလုံးသားဟာ ရပ်တန့်သွားသလိုပင်
စကားမစမီမှာပဲ စက္ကန့်အနည်းငယ်ကြာမှာ စိတ်ခံစားချက်အကောင်းအဆိုးဒွန်တွဲနေပြီး
"ကောင်းပြီ၊ ခဏလောက်တော့ စစ်ဆေးကြည့်ချင်တယ် ပြီးတော့  အဲဒါနဲ့ ပတ်သက်ပြီး ထပ်မနှောင့်ယှက်တော့ဘူးလို့လည်း ကတိပေးတယ် "

လူးရှပ်စ် ၏ စိတ်ဝင်စားမှုမှာ ပိုတိုးလာစေပြီး " မင်းလေး က ဘာကြောင့် ကိုယ့် ရနံ့တွေအကြောင်း
သိချင်ရတာလဲ" လို့မေးတယ်

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now