အခန်း ၂၁ ကလေး

2.8K 292 0
                                    

Unicode

သွေးသန့်အိုမီဂါလေး
ဘာသာပြန်သူ -Violet M VioletM780
အခန်း 21 - ကလေး
မကြာခင်မှာပဲ ဂျူလီယန် ငြိမ်သက်သွားတယ်

သူ့ရင်ခွင်ထဲက ချစ်စဖွယ်အရုပ်လေးကို ကြည့်ပြီး
"မင်းနာမည်ဘယ်လိုခေါ်လဲ?
မင်းမိဘတွေကရော ဘယ်မှာလဲ ?"
လို့ မေးလိုက်ပါတယ်
ကောင်လေးက ဂျူလီယမ် ကို စိုက်ကြည့်ရင်း
"ကျွန်တော့် နာမည်က မီနို ရတ်စီလ်
ကျွန်တော့်မှာ အဖေအမေမရှိဖူး "

ဂျူလီယန် ဟာ ဤရိုးရှင်းလှတဲ့ ဖြေကြားချက်ကနေ
မကျေနပ်ချက်ကိုကြားရသဖြင့် အံ့ဩသွားပါတယ်

ဂျူလီယမ် ကလေး‌ေတွကို အမှန်တကယ်
ချစ်မြတ်နိုးကြောင်း သိတဲ့သူရှားပါတယ်
ပြီးတော့ သူက မိဘမဲ့ဂေဟာမှာ
အချိန်များစွာကုန်ဆုံးခဲ့ပြီး
အငယ်‌ေလး‌ေတွကို မကြာခဏဆိုသလို
ပြုစုစောင့်ရှောက်ပေးခဲ့ရသည်

သူ့ရင်ခွင်ထဲက တစ်ယောက်က
အကျင့်စာရိတ္တကောင်းလှသည်
ဒီချစ်စရာကောင်းတဲ့ အရုပ်က‌ေလးနဲ့
နောက်ထပ် စကားပြောချင်စိတ်ဟာ
မသိစိတ်ကနေ ဖြစ်‌ေပါ်လာ‌ေလသည်

ဂျူလီယမ်ရဲ့ လေသံမှာ မသိစိတ်က ‌ေန
ပျော့ပျောင်းသွားပြီး -
"မင်းတစ်ယောက်တည်း ဒီမှာ ဘာလုပ်နေတာလဲ?
မင်းဘယ်မှာနေတာလဲ ?"

မီနို နှုတ်ခမ်းကိုကိုက်ပြီး ဂျူလီယန်ရဲ့လည်ပင်းကို ပွတ်သပ်ရင်း တိုးတိုးလေးပြောလိုက်ပါတယ်
"ဒီနေ့က ကျွန်တော့်မွေးနေ့‌ေလ
ကိုယ့်အတွက်ကိုယ် လက်ဆောင်သွားဝယ်ချင်လို့
ကျွန်တော်က မွေးစားအမေနဲ့နေရတာ
သူက တခြားကလေးတွေနဲ့ အလုပ်ရှုပ်နေတယ် "

လူးရှပ်စ် ကားပေါ်မှ ဆင်းလိုက်တယ်
သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့မျက်ဝန်းတစ်စံုဟာ
ပြူးကျယ်သွား၏

သူဟာ လမ်းမပေါ်က ကလေးတစ်ဦးကို
ပြေးတိုက်လုနီးပါးဖြစ်သွားတာကြောင့်
အပြစ်ရှိသလို ခံစားလိုက်ရပါတယ်
ကံကောင်းထောက်မစွာဖြင့် သူ
ကောင်လေးကို မတိုက်မိခဲ့ပဲ
ထိုကဲ့သို့သော အခြေအနေမျိုးတွင်
သူ့ခန္ဓာကိုယ်ကို ခံစားချက်တွေဖြင့်
ပြည့်လျှံစေပြီး စိုးရိမ်ပူပန်မှုကို ဖြစ်လာစေပါတယ်

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now