အခန်း ၅ ဖွင့်ပြောမယ်

4K 466 4
                                    

Unicode

အခန်း ၅
ဖွင့်ပြောမယ်

'နှင်းဆီဖြူ' သည် ဤမြို့တွင် အလွန်နာမည်ကြီးသော အဆင့်အတန်းမြင့်ကလပ်တစ်ခုဖြစ်သည်။ ထိုကလပ်သည် အလွန်မြင့်မားသောပုံသဏ္ဍာန်နှင့် မှောင်မဲနေပြီး တောက်တောက်ပြောင်ပြောင်မရှိချေ ။

ဂ‌ျူလီယမ်သည် သူတည်းခိုသည့်ဟိုတယ်မှ ကလပ်သို့ တစ်နာရီခန့် လမ်းလျှောက်သွားခဲ့သည်။

ဂျူလီယမ် သည်  အိတ်ကပ်ထဲ လက်ထည့်ကာ ပေါ့ပေါ့ပါးပါး ပူပင်ကြောင့်ကြမှုကင်းမဲ့စွာဖြင့် အထဲသို့ ဝင်လာသည်။ သူ ဝင်လာသည်နှင့် တစ်ပြိုင်နက် သီချင်းသံကြားလိုက်ရသည် ။ သီချင်းသံသည် ခံစားချက်တွေကို သက်သာရာရစေပြီး  စိတ်အပန်းပြေသွားစေသည် ။  စင်္ကြံလမ်းမှ ထွက်သွားပြီး နောက် ဧည့်ခန်းတစ်ခန်းကို  သူ တွေ့လိုက်ရသည် ။

မီးရောင်များသည် တောက်တောက်ကြီးလဲ မဟုတ် အရမ်းမှောင်မှောင်ကြီးလဲ မဟုတ်ပဲ မှိန်မှိန်ဖျော့ဖျော့လေး ဖြစ်နေလေ၏ ။   ထိုအရာက သူ၏ ခံစားချက်တွေကို မသဲမကွဲ ဖြစ်သွားစေသည် ။ ခန်းမ ရှေ့တွင် စတိတ်စင်တစ်ခုရှိပြီး အက်တီယမ် က  စန္ဒယားတီးခတ်နေသည်။

ဂျူလီယမ် က အံ့ဩတကြီးနှင့် မျက်ခုံးမြင့်တက်သွားပြီး မန်နေဂျာဆီသို့ ရောက်လာသည်  "ဘာလို့  လူတွေ ဒီလောက္များ နေတာလဲ "

ဂျူလီယမ်က သံသယများနှင့်ကြည့်နေသောကြောင့်  မန်နေဂျာက ဂျူလီယမ်ကို ရှင်းပြသည် "မင်းရဲ့တင်ဆက္မှု‌ေကြာင်‌့‌ေပါ့ လူတိုင်းက မင်းရဲ့ ဖျော်ဖြေမှုကို ကြည့်ချင်‌ေနကြတယ် ပြီးတော့ ဒီနေ့ ကလပ်က အရမ်း အရေးကြီးတဲ့ ဧည့်သည်တစ်‌ေယာက်ကိုလဲ  ဖိတ်ခဲ့တယ် " ပြောပြီးတာနဲ့ ဘေးနားက စင်‌ေနာက်သို့ ခေါ်သွားသည် ။

ဂျူလီယမ် သည် မန်နေဂျာနောက် လိုက်ကာ ထိုင်ဖို့ တစ် နေရာ ရွေးချယ်ပြီးနောက် စားပွဲမျက်နှာပြင်ကို လက်ဖြင့် ခေါက်လိုက်ပြီး "ဝိုင်နီတစ်ပုလင်းဖွင့်ပေးပါ" မန်နေဂျာသည် သူ၏ အကြောင်းကို သိပြီးသားဖြစ်လို့ - "မင်း  ဘယ်လိုဝိုင်နီမျိုးလိုချင်တာလဲ”
ဂျူလီယမ် ရွေးချယ်ဖို့ စိတ်မပါသည့်အတွက်  "အကောင်းဆုံး" ဟုသာ တိုက်ရိုက်ပြောလိုက်သည် ။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now