အခန်း ၄၁ အလည်သွားခြင်း

939 102 3
                                    

Zawgyi

သွေးသန့်အိုမီဂါ
‌ဘာသာပြန်စာရေးသူ - Violet M
စာရေးဆရာ- latteectrie

ဂျူလီယမ်သည် နံနက်စောစော အိပ်ရာက
နိုးလာပြီးနောက် သူ၏ ဗီရိုကို လှမ်းကြည့်လိုက်ရင်း
လူးရှပ်စ် ၏ ကုမ္ပဏီသို့ လာရောက်လည်ပတ်ရန်
သင့်တော်မည့်  အဖြူရောင်နှင့် ပါးလွှာသော
ချည်သား အင်္ကျီတစ်ထည်ကို တွေ့ရှိခဲ့သည်။
သူဟာ တက္ကစီစီးပြီး မကြာခင်မှာပဲ ထိုလိပ်စာသို့
ရောက်သွားတယ်။

ကုမ္ပဏီက မြို့လယ်ခေါင်တွင် တည်ရှိခြင်းမရှိသည့်အပြင် ဤခရိုင်တွင်လည်း ရုံးခန်းအဆောက်
အအုံများစွာမရှိ
သို့သော်လည်း မကြာသေးမီနှစ်များအတွင်း
ဖွံ့ဖြိုးတိုးတက်လာပုံရပါတယ်
ဂျူလီယမ် သွားရမယ့် အဆောက်အဦးကိုလည်း
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆောက်ခဲ့တဲ့ပုံပါပဲ
အပြင်ကနေကြည့်ရင်တော့ အရမ်းထူးခြားတာကြောင့်
ထူးခြားဆန်းကြယ်တဲ့ ဒီဇိုင်းကို
တွေ့မြင်နိုင်ပါတယ်
ကုမ္ပဏီရဲ့မှန်တွေက အရမ်းခေတ်စားတဲ့ ပုံစံ‌ကို
သူတွေ့လိုက်ရတယ်
လူးရှပ်စ်၏ ကုမ္ပဏီဟာ ကောင်းမွန်စွာ
လုပ်ဆောင်နေသည် ကို တစ်ချက်က‌လေးကြည့်
လိုက်ရုံနဲ့တင် ထင်ရှားပါသည်
ဂျူလီယမ် ဝင်လာပြီးတာနဲ့ အိမ်ရှေ့ကောင်တာမှ
အမျိုးသမီးက ချက်ချင်း ထရပ်လိုက်တယ်။

ပြုံးပြုံးကြီးနဲ့ ဧည့်ခံကာ "လူကြီးမင် ဘာကူညီပေး
ရမလဲရှင့်" လို့မေးတယ်

ဂျူလီယမ်က ရှက်ကိုးရှက်ကန်းဖြင့်
" မစ္စတာ ဗယ်လယ်တီးနပ်စ် ကို အံ့အားသင့်ဖို့
ရောက်လာခဲ့တာပါ ကျွန်တော့်နာမည်
ဂျူလီယမ်ဘရူမီးလ်ပါ"
ဧည့်ခံဝန်ထမ်းက သူ့ကို နွေးထွေးစွာ နှုတ်ဆက်ပြီးနောက် တိုတိုတုတ်တုတ်ပဲ ဖုန်းခေါ်လိုက်ပါတယ်
ပြီးနောက်မှာတော့ ကုမ္ပဏီထဲသို့ ခေါ်သွားသည်
  " ရပါပြီ ငါ့နောက်ကို လိုက်ခဲ့ပါ "

ဂျူလီယမ်သည် ဤဧည့်ခံရေးဝန်ထမ်းကို
တကယ်ဖော်ရွေသည်ဟု တွေးတောလိုက်၏
သူ့အတိတ်ဘဝတွင် သူ့လိုဧည့်သည်ကို
မဆက်ဆံဖူးသော ရိုင်းစိုင်းသော ဝန်ထမ်းတွေကို
  အမြဲတွေ့ခဲ့ရသည်။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now