အခန်း ၃၅ ချေးငှားခြင်း

1.1K 123 0
                                    

Unicode

Dominant Omega
အခန်း ၃၅ - ချေးငှားခြင်း
စာရေးဆရာ- latteectrie
ဘာသာပြန်စာရေးသူ - Violet M

အက်တီယမ်ဟာ တံခါးကိုဖွင့်လိုက်သောအခါ
ပန်း‌ေတွကိုင်ဆောင်ထားသည့် ကောင်လေး
တစ်ယောက်ကို တွေ့လိုက်ရသည်။

မီနိုလေးက ဦးညွှတ်ပြီး ကလေးရဲ့
ငယ်ငယ်ရွယ်ရွယ်ချစ်စရာအသံ‌ေလးနဲ့
" ကျွန်တော်  Etienne Emond အတွက်
ပေးစရာရှိလို့ပါ "

အက်တီယမ်က အံ့အားသင့်သွားပြီး
" အာ ? ငါ့အတွက်?"

ဘာတွေဖြစ်နေတာလဲ?

မီနိုလေးဟာ နီမြန်းနေသောပါးပြင်‌ေလးနှင့်
အဝါရောင်နှင်းဆီပန်းစည်းကို ပေးလိုက်၏။
အက်တီယမ်မှာ ဖော်ရွေသော မျက်နှာထားရှိပြီး
ကိုယ်ဟန်အနေအထား‌ေကာင်း‌ေကာင်းဖြင့်
ကြိုဆိုလိုက်၏ ။  သူ့မှာ သမင်မျက်လုံးကြီးတွေနဲ့
ကောင်လေးကို စိုက်ကြည့်နေတယ်
မီနိုသည် အိုမီဂါရဲ့အသံဟာ ထူးခြားပြီး
သာယာလိမ့််မည်ဟု တွေးတောခဲ့၏
အခုတော့ တကယ့်ကို ချိုမြိန်ပါတယ်
အက်တီယမ် က ပန်းတွေကို လက်ခံပြီး
ပန်းတွေကို နမ်းဖို့ ခေါင်းငုံ့ရင်း "ကျေးဇူးတင်ပါတယ်"

ဂျူလီယမ်က ရုတ်တရက် သူတို့အနားကို
ချဉ်းကပ်လာပြီး အထဲကို ဝင်ကာ မီနို နဲ့
လက်ဆွဲပြီး "လာ မင်း ကြိုဆိုပါတယ်ကွာ!"

ဂျူလီယမ်က သူ့ဖိနပ်ကို ပြောင်းစီးလိုက်ပြီး
သူ့မျက်လုံးတွေက အခန်းထဲကို အမှတ်တမဲ့
ကြည့်နေခဲ့တယ်- "တစ်ယောက်တည်းနေတဲ့
အိမ်လေးက သပ်ရပ်သန့်ရှင်းနေတာပဲ"
အက်တီယမ် က စိတ်ခံစားချက်နဲ့ သက်ပြင်းချရင်း "ပြီးရင်‌ေတာ့ အဖိုးတန်ပစ္စည်းတွေ အကုန်ရောင်းပြီး
စန္ဒယားတစ်လုံးပဲ ကျန်တော့မှာ "

ရှုပ်ချင်ရင် အရင်ဆုံး အရင်ရှင်းဖို့ လိုတယ်
သူ့မှာ ပရိဘောဂ အနည်းငယ်ပဲရှိတယ်
အိမ်မှာ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်သည့်
တစ်ခုတည်းသော လက္ခဏာမှာ ပြတင်းပေါက်ရှိ
အိုးရှင်းအပင်များ ဖြစ်၏

ဂျူလီယန်က ဒါကို တွေးလိုက်တယ်။
ဆိုဖာဆီသို့ လျှောက်မသွားမီတွင် သူက
အက်တီယမ်အား "ဒီပန်းတွေကို မရောင်းနဲ့"
ဆိုပြီး တိုးတိုးလေး ပြောလိုက်တယ်

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now